နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ဖို့ အာဆီယံ တောင်းဆို

အေးအေးမွန်(အော်စလို)
2021.06.07

အာဆီယံထိပ်တန်းခေါင်းဆောင်နှစ်ဦးရဲ့ ဇွန်လ ၃ ရက်နေ့ကစတင်တဲ့ နှစ်ရက်ကြာခရီးစဥ်အပြီး ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ “နိုင်ငံရေးအကျဥ်းသားအားလုံး ကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အာဆီယံ ဘုံသဘောတူညီ ချက် ၅ ချက်ကို လက်တွေ့အကောင်အထည်ဖေါ်ဖို့” တိုက်တွန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံအဖွဲ့ရဲ့ တောင်းဆိုချက်ဟာ နှေးကွေးပြီးနောက်ကျလွန်း တယ်လို့ အာဆီယံအဖွဲ့ရဲ့ အားနည်းချက်တွေကို စင်ပြိုင်အာဆီယံအဖွဲ့ တည်ထောင်သူ Debbie Stothardထောက်ပြဝေဖန်လေ့ရှိတဲ့ စင်ပြိုင်အာဆီယံအဖွဲ့ တည် ထောင်သူနဲ့ တာဝန်ခံဖြစ်တဲ့ ဒက်ဘီ စတော့ဟတ် (Debbie Stothard) က ထောက်ပြဝေဖန်ပါတယ်။

“အာဆီယံရဲ့တုံ့ပြန်ချက်တွေက အတော်နောက်ကျပြီး ချိနဲ့ပါတယ်၊ စစ်တပ် က အာဏာသိမ်းတာနဲ့ ပတ် သက်ရင် အာဆီယံဟာ ဖေဖေါ်ဝါရီ(၁)ရက် နောက်ပိုင်းကတည်းက အရေးယူဆောင်ရွက်တာ၊ တာဝန်ရှိ သူတွေနဲ့ တွေ့ ဆုံတာ၊ ပြဿနာဖြစ်တဲ့နေရာတွေကို လေ့လာအကဲခတ်တာတွေ ချက်ချင်း လုပ်ခဲ့သင့်ပါတယ်။ ဥပမာ NUG၊ CRPH၊ PDF နဲ့ ပြည်တွင်းလူမှုအသိုက်အဝန်းက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ညှိုနှိုင်းပြီး ကူညီတာတွေ လုပ်သင့်ပါတယ်။ အာဆီယံအဖွဲ့ကိုယ်တိုင်က တရားမဝင် အာဏာသိမ်း စစ်အစိုးရ ထိန်းချုပ်တာကို လက်မခံသင့်ပါဘူး၊”

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် စစ်တပ်က ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို တစ်လ ထပ်တိုးမယ်လို့ ပါးစပ်ကပြောနေပေမယ့်၊ လက်တွေ့ မှာတော့ လူတွေကို ပစ်ခတ်သတ်ဖြတ်နေဆဲ၊ အမဲလိုက်သလိုလိုက်ပြီး ပြန်ပေးဆွဲဖမ်းဆီးနေတဲ့အတွက် အဖမ်းခံထားရသူ ငါးထောင်ကျော်ရှိနေတယ်လို့လည်း ဒက်ဘီ စတော့ဟတ် က ဝေဖန်သွားပါတယ်။

နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ(၇)ရက်နေ့ထုတ်ပြန်ချက်အရ၊ ဖေဖေါ်ဝါရီ(၁)ရက် အာဏာသိမ်းပြီးတဲ့နောက် ဒီကနေ့ထိ လေးလကျော်အတွင်းမှာ စစ်တပ်က ဖမ်းဆီးထားသူ ၄၆၉၆ ဦးအထိ ရှိနေပါတယ်။

နိုင်ငံရေးအကျည်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ဟာ အရာထင်မှာ မဟုတ်တဲ့အပြင်၊ အာဆီယံ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုဖို့လာ အားပေးတဲ့လုပ်ငန်းစဉ်တစ်ရပ်ပဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဝေဖန် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ပါတယ်။

“ဖမ်းဆီးထိန်းသိမ်းထားသူတွေ လွှတ်ပေးရေးဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘာမှ တုံ့ပြန်ဖြေကြားတာ မရှိ ပါဘူး။ အဲလိုလုပ်ပေးမယ့် အနေအထားလည်း မရှိ ပါဘူး။ ဒါကြောင့် အာဆီယံခေါင်းဆောင် နှစ်ယောက်ရဲ့ မြန်မာပြည်ခရီးစဉ် ဟာ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးအတွက် ထူးခြားတဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက် ဘာမှ မပေးနိုင်ဘူး။ အာဆီယံကို မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ သဲထဲရေသွန်သလို ဖြစ်သွားတယ်လို့ ယူဆတယ်”

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ဟာ ဇွန်လ(၃)ရက်ကနေ (၄) ရက်နေ့အထိ မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့ ပြီးတဲ့နောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဧပြီလ ၂၄ ရက် အာဆီယံအစည်းအဝေးက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေနဲ့ အာဆီယံရဲ့ ကနဦးဆန်းစစ် လေ့လာအကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကိစ္စ၊ မတရားအသင်း ကြေညာထားတဲ့ CRPH၊ NUG တို့နဲ့ ပတ်သက်တဲ့ အကြမ်းဖက်အဖွဲ့တွေကနေ မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်လုပ်ရပ်တွေလုပ်ဆောင်နေမှု၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုနဲ့ နိုင်ငံတည်ငြိမ် အေးချမ်းသွားချိန်မှာ ရွေးကောက်ပွဲပြန်လုပ်မယ့်ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၄ ရက် သောကြာနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ခရီးစဥ်အတွင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး တို့နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း အာဆီယံ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"အာဆီယံရဲ့ တုံ့ပြန်ချက်တွေက အတော်နောက်ကျပြီး ချိနဲ့ပါတယ်"

ဧပြီ ၂၄ ရက်အာဆီယံအစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ၊ အစုအဖွဲ့အားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တောင်းဆိုထားပေမယ့်၊ စစ်အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးလာရောက်တဲ့ အာဆီယံထိပ်တန်းခေါင်းဆောင်တွေရဲ့ ခရီးစဥ်အတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပြင်၊ အခြားလူမှုအသိုက်အဝန်းက ခေါင်းဆောင်တွေနဲ့ မတွေ့ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

နိုင်ငံရေးအရကြည့်ရင် အားလုံးပါဝင်သင့်တယ်ဆိုတဲ့ သဘောထားအမြင်တွေရှိပေမယ့် လက်ရှိအခြေအနေမှာ တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့နဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူးလို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

“နိုင်ငံရေးအရ ကြည့်ရင်တော့ အကုန်လုံးပါဝင်သင့်တယ်ဆိုတဲ့ သဘောထားအမြင်က တချို့လေ့လာသူ တွေရဲ့ စိတ်ထဲမှာ ရှိကောင်းရှိပါလိ့မ်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြီးခဲ့တဲ့ ၅ နှစ်ကာလ တာဝန်ယူခဲ့တဲ့ သမ္မတ ဦးဝင်းမြင့်တို့က အခုလောလောဆယ်မှာ သက်ဆိုင်ရာ စွဲချက်တင်ထားတဲ့အမှုတွေ နဲ့ သူတို့ တရားရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်။ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်တော့ သူတို့နဲ့တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ဒုတိယတစ်ချက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး အခွင့် အလမ်းရှိခဲ့တဲ့အချိန်က တော်တော် လွန်သွားခဲ့ပြီဖြစ်တဲ့အတွက် မတွေ့ဆုံနိုင်တဲ့အနေအထားလို့ သုံးသပ် ရပါလိမ့်မယ်။"

mah-asean-meet.jpg
(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧပြီလ ၂၄ ရက်နေ့က အာဆီယံ အထူးအစည်းအဝေး တက်ရောက်စဉ်) Photo : Reuters

ဧပြီ ၂၄ ရက်နေ့ကလုပ်တဲ့ အာဆီယံအထူးအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ခဲ့ပြီး၊ အာဆီယံဘက်က “အကြမ်းဖက်သတ်ဖြတ်မှုတွေကို နှစ်ဖက်စလုံးက အဆုံးသတ်ရေး၊ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေး နိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ခန့်အပ်ရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ရေး” စတဲ့အချက် ၅ ချက်ကို တောင်းဆိုထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီအချက် ၅ ချက်ကို တိုင်းပြည်တည်ငြိမ်အေးချမ်းမှ လုပ်ဆောင်နိုင်မယ် လို့ ပြောကြားထားကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV က ဧပြီ(၂၆)ရက်နေ့မှာ ထုတ်ပြန်ခဲ့သလို၊ မကြာသေးခင်ကလုပ်ခဲ့တဲ့ တရုတ်နိုင်ငံ Phonex ရုပ်သံဌာနနဲ့လုပ်တဲ့ မေးမြန်းခန်းမှာလည်း လက်ရှိအခြေ အနေဟာ သူကိုင်တွယ်ထိန်းသိမ်းနိုင်တဲ့ တည်ငြိမ်တဲ့အခြေအနေ မဟုတ်သေးဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖြေကြားခဲ့ပါတယ်။

ဇွန်လ(၅) ရက်နေ့ကထုတ်ပြန်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ “သူတို့ရဲ့ခရီးစဥ် အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်နိုင်မယ့် အမည်စာရင်း တွေပေးခဲ့တယ်”လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ အမည်စာရင်းဘယ်နှယ်ယောက်ပေးခဲ့သလဲ၊ ဘယ်သူတွေလဲဆိုတာကို အာဆီယံအဖွဲ့ကြေညာချက်မှာ အတိအကျ ရေးမထားပါဘူး။

ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဟောင်းနဲ့ မလေးရှားနိုင်ငံက တစ်ဦးကို မည်စာရင်းပေးခဲ့တာဖြစ်တယ်လို့ ထင်ကြေးပေး ရေးသားထားပါတယ်။

မြန်မာနိုင်ငံခရီးစဥ်ပြီးတဲ့နောက် အာဆီယံခေါင်းဆောင်တွေဟာ ဒီကနေ့ ဇွန်လ ၇ ရက်နေ့မှာ တရုတ်နိုင်ငံ တောင်ပိုင်း Chongquing ချုံကျင်းမြို့မှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး၊ အဲဒီ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တက်ရောက်နေသလို၊ မြန်မာဘက်က စစ်ကောင်စီ ကိုယ်စားလှယ်လည်း တက်ရောက်နေပါတယ်။

ဒီအစည်းအဝေးမှာ တရုတ်ဘက်က မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာတွေ တိုက်တွန်းမယ်၊ အာဆီယံဘက်က ဘယ်အချက်တွေကို တင်ပြဆွေးနွေးမယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဒီကနေ့ စတင်ပြုလုပ်တဲ့ တရုတ်-အာဆီယံအစည်းအဝေးနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံခရီးစဥ် မတိုင်ခင်ကတည်းက ရန်ကုန်ရှိ တရုတ်သံအမတ် ချန်ဟိုင်း (Chen Hai) နေပြည်တော်ကို ရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ “အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားလိုပြီး မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် အာဆီယံသဘောတူညီချက်တွေကို အာဆီယံနဲ့ ညှိနှိုင်းအကောင်အထည် ဖော်ဖို့ ဆန္ဒရှိတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောခဲ့ပါတယ်။

တရုတ်သံအမတ်ဘက်ကလည်း “မြန်မာနိုင်ငံ တည်ငြိမ်ရေးကို မျှော်လင့်ကြောင်းနဲ့ အာဆီယံ သဘောတူညီ ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ထောက်ခံအားပေးပြီး အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍနဲ့ ပါဝင်မယ်”လို့ ပြန်လည်ပြောဆိုခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အာဆီယံစင်ပြိုင်အဖွဲ့တာဝန်ခံ ဒက်ဘီ စတော့ဟတ် ကတော့ “အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် ကိုယ်တိုင်ချမှတ်ထားတဲ့ အာဆီယံချာတာပါ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံတန်ဖိုးတွေ ကို လေးစားလိုက်နာဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။