သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-02
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိသွားနိုင်တာ ကြောင့် နောက် နှစ်ရက်အတွင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။
2019-09-02
တိုက်ပွဲတွေကြောင့် ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာတွေဟာ နှစ်ဘက်တပ်တွေမှာ တာဝန်ရှိတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မနေ့က သဘောထားထုတ်ပြန် ပါတယ်။
2019-09-02
မန္တလေးတက္ကသိုလ်ကျောင်းထဲမှာ တင်ဒါခေါ်ယူခြင်းမရှိဘဲ စည်းကမ်းနဲ့မညီ တည်ဆောက်ထားတဲ့ အစားအသောက် ရောင်းချတဲ့ဆိုင်တွေ တည်ဆောက်ထားတာကို စီစစ်အရေးယူပေးဖို့အတွက် မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က ကျောင်းရှေ့မှာ ဆန္ဒပြကြပါတယ်။
2019-09-02
လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေတာဟာ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည် ထောင်စု ဖော်ဆောင်ဖို့အားနည်းတာကြောင့် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ၄၅ ဦး ကော်မတီကနေ နုတ်ထွက်ခွင့်ပေးဖို့ ဦးစိန်ဝင်းက ဒီနေ့နုတ်ထွက်စာ တင်လိုက်ပါတယ်။
2019-09-02
ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့မှာ စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တာကြောင့် ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ် နှစ်ဦးကို စက်တင်ဘာလ ၂ ရက် ဒီနေ့မှာ ထောင်ဒဏ် ၁၅ ရက်စီ အမိန့်ချမှတ်ခဲ့ပါတယ်။
2019-09-01
အာဆီယံ-အရှေ့တောင်အာရှနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး ခိုင်မာအားကောင်းရေး တစိတ်တဒေသအဖြစ် တောင်ကိုရီးယားသမ္မတ Moon Jae-in ဟာ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံခရီးစဉ် စတင်လိုက်ပါတယ်။
2019-09-01
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မောဟစ်စုစည်းရွာထဲ လက်နက်ကြီးကျလို့ သေဆုံးသူ ငါးဦးရဲ့ နာရေးကို ဒေသခံ ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
2019-09-01
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နဲ့ ပေါက်ခေါင်းမြို့တွေမှာ မိုးများပြီး ချောင်းရေလျှံတာ၊ ဝဲကြီးဆည်ရဲ့ ရေလွှဲမြောင်းကျိုးတာကြောင့် မြေနိမ့်ပိုင်းက ကျေးရွာတော်တော်များများမှာ ရေကြီးနစ်မြုပ်တာတွေရှိနေပြီး ရေစီးနဲ့မျောပါသွားတဲ့ ဒေသခံနှစ်ယောက် ပျောက်ဆုံးနေပါတယ်။
2019-09-01
နာရေးအစီအစဉ်ကို ဒီကနေ့နေ့လယ်ပိုင်းမှာ ပြုလုပ်ရာမှာ မောဟစ်ရွာ ကချင်ဘုရားကျောင်းကနေ ကွတ်ခိုင် ခရစ်ယာန်သုသာန်ကို လူပေါင်း တစ်ထောင်ကျော်လောက် ပို့ဆောင်ပေးခဲ့ပြီး သြင်္ဂိုဟ်ခဲ့ပါတယ်။
2019-09-01
ဇွန်လ ၂၁ ရက်နေ့ကစပြီး အင်တာနက်အသုံးပြုခွင့် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ရှစ်မြို့နယ်ထဲက တချို့မြို့နယ်တွေမှာ ဒီနေ့ ပြန်အသုံးပြုခွင့်ရတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2019-09-01
ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာနားမှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆင်သေပြင်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်အချို့မီးလောင်ပြီး နောက်ထပ် လက်နက်ကြီးကျည် ကျရောက်တဲ့ ထိပ်တူးပေါက်ရွာက ရွာသား နှစ်ယောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့ပါတယ်။