သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-13
တစ်နှစ်တာ တရားဟောပြောခွင့် ပိတ်ပင်ခံခဲ့ရပြီး ပြန်လည်ဟောပြောခွင့်ရတဲ့ မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူအား ကြိုဆိုပွဲကို ရန်ကုန်မြို့၊ တောင်ဥက္ကလာ၊ မင်္ဂလာသိဒ္ဓိပရိယတ္တိ စာသင်တိုက်မှာ မတ်လ ၁ဝ ရက်နေ့က ကျင်းပပါတယ်။
2018-03-13
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုံခြုံရေး သတိထားကြဖို့၊ ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်ရှားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတိပေးကြေညာလိုက်ပါတယ်။
2018-03-13
မြန်မာနိုင်ငံက အလုပ်ရှာဖွေတဲ့ လူငယ်တွေအနေနဲ့ ဘာတွေပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ၊ လုပ်ငန်းခွင် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက် သိရှိနားလည်ထားသလဲ ဆိုတာကို RFA သတင်းထောက် ကိုကျော်ဇောဝင်း စုစည်းတင်ပြထားပါတယ်။
2018-03-13
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ နေအိမ်အပါအဝင် နေရာ ၃ ခုမှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပါတယ်။
2018-03-13
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ အမှတ် ၃ လမ်းမအနီးမှာ ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေအကြား အငြင်းပွားနေတဲ့ မြေဧက ၁၅၀ ရှိနေပါတယ်။
2018-03-13
မဟာမဲခေါင်ဒေသခွဲအတွင်း လမ်းမကြီးတွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၄၄ဝ ချေးငွေရယူမယ့်ကိစ္စကို မတ်လ ၁၂ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တချို့က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
2018-03-12
ရခိုင်ပြည်နယ် မောင်တောဒေသက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေရဲ့ နေအိမ် မီးလောင်ပြင်နေရာတွေမှာ မြန်မာ စစ်တပ်က ဘူဒိုဇာနဲ့ရှင်းလင်းပြီး စစ်စခန်းတွေ ရဟတ်ယာဉ်ကွင်းတွေနဲ့ လမ်းတွေဆောက်လုပ်နေ တယ်လို့ ဗြိတိန်အခြေစိုက် Amnesty International ခေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
2018-03-12
တနင်္လာနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေရှိနေတာကို ကိုယ်စားလှယ် တွေက ထောက်ပြပြောဆိုပြီး၊ ရိုဟင်ဂျာ အရေးကို ဖြေရှင်းနိုင်အောင် မြန်မာ အစိုးရက ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆော င်ရွက်ဖို့ တိုက်တွန်းသွားကြ ပါတယ်။
2018-03-12
ရန်ကုန်တိုင်းမှာ အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို လွှတ်တော်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တာ၊ ရှင်းပြတာတွေ အားနည်းနေသလို၊ စည်ပင်သာယာဌာနက အမြတ်အစွန်းရအောင် စီးပွားရေး လုပ်ချင်နေတဲ့ ကိစ္စကိုလည်း ဥပဒေမှာ မပြဌာန်းသင့်ဘူးလို့ ထောက်ပြကြပါတယ်။
2018-03-12
တနသာၤရီတိုင်းဒေသကြီးအတွင်းမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လို မလိုနဲ့ပတ်သက်ပြီး တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားနေတဲ့ကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ် ခံယူမယ့်အစီအစဉ် ဆိုင်းငံ့လိုက်ပါတယ်။
2018-03-12
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု အဆင့်အထိ ရောက်ရှိခဲ့တာတွေ တွေ့မြင်ကြားသိရတဲ့အတွက်၊ လိုအပ်သလို အရေးယူ ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောလိုက်ပါတယ်။
2018-03-12
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပျက်ဆီးသွားတဲ့ ရွာတွေမှာ မြန်မာ့တပ်မတော်က စစ်အခြေစိုက် အဆောက်အဦးတွေ တည်ဆောက်နေတယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။
2018-03-12
အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို ဖျက်သိမ်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က မြန်မာအစိုးရကို ဒီနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2018-03-12
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လုံခြုံရေးသတိထားကြဖို့နဲ့ ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်ရှားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိရုံးက သတိပေးကြေညာလိုက်ပါတယ်။
2018-03-12
ကရင်ပြည်နယ် အခြေစိုက် ကရင် နိုင်ငံရေးပါတီ လေးခု ပူးပေါင်းဖွဲ့စည်းထားတဲ့ ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။