ဇေကမ္ဘာကုမ္ပဏီနဲ့ မြေယာအငြင်းပွားမှုများ
2018.03.13
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ အမှတ် ၃ လမ်းမအနီးမှာ ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေအကြား အငြင်းပွားနေတဲ့ မြေဧက ၁၅၀ ရှိနေပါတယ်။ တဖက်နဲ့ တဖက် ပိုင်ဆိုင်မှုကိစ္စ အငြင်းပွားကြပြီး အဲဒီလယ်မြေကို ဇေကမ္ဘာ ကုမ္မဏီက ခြံစည်းရိုး ခတ်ရာကနေ ဒေသခံ လယ်သမားတွေဖက်ကလည်း ခြံစည်းရိုး ခတ်ကြပါတယ်။
နှစ်ဖက်စလုံးက ပိုင်ဆိုင်တယ်ပြောနေကြတဲ့ လယ်ဧက ၁၅၀ အကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။