ကုလလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် ညီလာခံမှာ ရိုဟင်ဂျာအရေး ပြောဆို
2018.03.12
တနင်္လာနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတာကို ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုပြီး၊ ရိုဟင်ဂျာ အရေးကို ဖြေရှင်းနိုင်အောင် မြန်မာအစိုးရက ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားကြပါတယ်။
ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။