သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-10
လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ထံ လယ်ယာမြေ အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပေါင်း ၂ သောင်းကျော်ရောက် ရှိနေကြောင်းနဲ့ အစိုးရက ဖြေ ရှင်းပေးထားတာ ၈၀၀ ကျော်လောက်သာရှိကြောင်း ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကော်မရှင်က တင်ပြခဲ့ပါ တယ်။
2014-07-10
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန် မာနိုင်ငံသား ၂ဦး ဇူလိုင်လ ၉ရက်နေ့ တစ်ရက်ထဲမှာ အသတ်ခံရပြီး ဇူလိုင်လ ပထမအပတ်အတွင်း အသတ်ခံရသူစုစုပေါင်း လေးဦးရှိသွားပြီလို့ မလေးရှား မှာ နေထိုင်သူ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
2014-07-10
ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၃၀လောက်မှာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးဖြတ်တောက်မှာဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။
2014-07-10
ဒဂုံတက္ကသိုလ် ကျောင်းသားနားနေဆောင် မှာ စိုက်ထူထားတဲ့ ခွပ်ဒေါင်းအလံ ကို ကျောင်းအုပ်ချုပ်ရေးက ဖြုတ်သိမ်းလိုက်တဲ့အတွက် ဒီနေ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃၀ လောက်က ဒီနေ့ ဒဂုံတက္ကသိုလ်ကျောင်းဝင်းထဲမှာ လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။
2014-07-10
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ကျင်းပ မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟောပြော ပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို ပခုက္ကူမြို့ နယ်ရဲစခန်း က ဟောပြောခွင့်မပေးကြောင်း ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ရှိ သူတွေ က ပြောပါတယ်။
2014-07-10
နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဒီကနေ့ ပခုက္ကူခရိုင်တရားရုံးက အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
2014-07-10
မန္တလေးမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အဲဒီဖြစ်ရပ်မတိုင်ခင်မှာ အရှိန်အဟုန်မြင့်နေတဲ့ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု တန့်သွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
2014-07-09
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ဒီနေ့ ဗဟန်းမြို့နယ်တရားရုံးက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-07-09
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းတော်ကြီးကျောင်းနဲ့ ခတ်ချိုကျေးရွာ စစ်ဘေးဒုက္ခသည်စခန်း ၂ ခုကို ဝါးရှောင်ဆရာတော် ဦးဝိဇယနဲ့ ရှမ်းလူငယ်ပရဟိတအဖွဲ့က အဝတ်အထည် နဲ့ ဆေးဝါးတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-07-09
အစိုးရရဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ ၆ လပတ် အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-07-09
မက္ကစီကိုနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ ကျင်းပခဲ့တဲ့ "သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့" EITI အစည်းအဝေးကနေ မြန်မာနိုင်ငံကို အဖွဲ့ဝင် လောင်းလျာနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။
2014-07-09
အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရကို အလျှော့ပေး လိုက်လျောနေတာတွေ အဆုံး သတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တောင်းဆို လိုက်ပါတယ်။
2014-07-09
အပတ်စဉ်ထုတ် " မွန်းတည့်နေ"ဂျာနယ် က အယ်ဒီတာ ၃ ဦးအပြင် သတင်းထောက် ကိုမင်းဝဿန် ကိုလည်း ရဲသတင်းအထူးတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2014-07-09
သတင်းမီဒီယာသမားတွေ ခြိမ်းခြောက်ခံ ရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေနှင့်အညီ အရေးယူပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) MPC နဲ့ ဂျာနယ်လစ်ကွန်ရက် MJN တို့က ဇူလိုင် ၈ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-07-09
မြန်မာအစိုးရဟာ အခုနောက်ဆုံး အကြိမ် နေပြည်တော်မှာကျင်းပခဲ့ တဲ့ ကျောက်မျက် ကျောက်စိမ်းပြပွဲကနေ အမေရိ ကန်ဒေါ်လာ ၃ ဘီလျံခွဲ စံချိန်တင်ဝင်ငွေ ရရှိခဲ့တယ် လို့ သတ္တုတွင်းဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။