မက္ကစီကိုနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ ကျင်းပခဲ့တဲ့ "သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့" EITI အစည်းအဝေးကနေ မြန်မာနိုင်ငံကို အဖွဲ့ဝင် လောင်းလျာနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သဘာဝ သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိဖို့အတွက် အစိုးရတာဝန်ရှိသူတွေ၊ ကုမ္ပဏီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ MATA အဖွဲ့ရဲ့ နည်းပညာအကြံပေးပုဂ္ဂိုလ် ဆလိုင်းကျုံးလျန်ထောင်း ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။