၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကို ပခုက္ကူ မှာ ဟောပြောခွင့် ပိတ်ပင်
2014.07.10

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို ပခုက္ကူမြို့နယ်ရဲစခန်းက ဟောပြောခွင့် မပေးကြောင်း ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့ အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုသန်းနိုင်က အခုလိုပြောပါတယ်။
"၃ ရက်နေ့အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်နဲ့ ဟောပြောပွဲလုပ်မယ်ဆိုပြီးတော့ တင်ခဲ့ တာမှန်ပါတယ်၊ ကျနော်တို့ ၈ ရက်နေ့မှာ တင်တာ ကတော့ ဒီ ၈၈ ကလည်း ဦးကိုကိုကြီး အပါအဝင်တင် ခဲ့တာပါ သို့သော်ငြားလည်းပဲ သူတို့ဟာ ဦးကိုကိုကြီးနဲ့တကွ တင်တဲ့အခါမှာကျတော့ ရက်ကပ်လွန်းတယ် ဆိုပြီးတော့ တင်တာကိုပဲ သူတို့က ငြင်းဆန်လိုက်တာပါ၊ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေဘောင်နဲ့ပဲ ဆောင် ရွက်ချင်တဲ့ အတိုင်းအတာပေါ်မှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဦးစားပေးရမယ် ၊ လေးစားရမယ်၊ လိုက်နာရမယ် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အေးအေးချမ်းချမ်းနဲ့ ဟောပြောခွင့်ရနေ တာလေးကိုပဲ ကျနော်တို့က ကျေနပ်လက်ခံပြီးတော့ အားလုံးဝိုင်းဝန်းဆောင်ရွက်ဖို့ကိုပဲ ဆုံးဖြတ်ထားပါတယ်"
လာမယ့် ဇူလိုင်လ ၁၂ရက်နေ့မှာ ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ ကွင်းပြင်မှာ ကျင်းပမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်တို့ ဟောပြောမှာဖြစ် ပါတယ်။