၈၈ ခေါင်းဆောင် ကိုကိုကြီး ရွေးကောက်ပွဲဝင်မည်


2015.07.15
kokogyi-88-press-620.jpg ၈၈ ခေါင်းဆောင် ကိုကိုကြီးကို တွေ့ရစဉ်
Photo: RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် မယ်လို့ သိရပါတယ်။ မဲဆန္ဒနယ်မြေနဲ့ ဘယ်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင် မယ်ဆိုတာကို ဒီရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်ကြေညာ သွားမယ်လို့ ပြောပါတယ်။

"လွှတ်တော်နိုင်ငံရေးကိုလုပ်မယ်လို့ ပြောထားတာ၊ ဘယ်လိုပုံစံ ဘယ်အချိန်ဆိုတာ အဲဒါ့ကို ဘာမှမပြောသေးတာနော်"

နောက်ထပ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုမြအေးတို့ကတော့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ လည်း သိရပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်ခေါင်းဆောင်တွေနဲ့ မဲဆန္ဒနယ်မြေကိုလည်း အဲဒီသတင်း စာရှင်းလင်းပွဲမှာ ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။