မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီဝင် မင်းထက်ငြိမ်းချမ်းနဲ့ မေးမြန်းချက်
2014.07.10
မန္တလေးမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အဲဒီဖြစ်ရပ်မတိုင်ခင်မှာ အရှိန်အဟုန်မြင့်နေတဲ့ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု တန့်သွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ အကြမ်းဖက်မှုကာလအတွင်း ရပ်မိရပ်ဖတွေနဲ့ဖွဲ့စည်းလိုက်တဲ့ မန္တလေးမြို့ငြိမ်းချမ်းမှုထိမ်းသိမ်းရေးကော်မတီ သတင်းပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မင်းထက်ငြိမ်းချမ်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။