သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-15
တရုတ်မြန်မာနှစ်နိုင်ငံ ပညာရှင်အဆင့်ဆွေးနွေးပွဲတွေကို အခုလ ၉ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံ မံစီမြို့မှာ ကျင်းပခဲ့ပါတယ်။
2017-05-15
အခြေခံပညာ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ ၂ပါတ်ကျော်ပဲလိုတော့ပေမယ့် အခုချိန်ထိ ကျောင်းကားစနစ်နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးတဲ့အတွက် ကျောင်းသားမိဘတွေကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။
2017-05-15
အိန္ဒိယနိုင်ငံဟာ သူ့နိုင်ငံသားတွေကို ၀၀လင်လင်ကျွေးမွေးနိုင်ဖို့ မြန်မာနိုင်ငံကလည်း ပဲမျိုးစုံတင်သွင်းနေရာက နောက်ပိုင်းမှာ ပဲမျိုးစုံစားကုန်ထုတ်လုပ်ရေးစက်ရုံတွေပါ ပြည်တွင်းမှာ တည်ထောင်ပါမယ်။
2017-05-15
ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့တွေထဲ အိမ်နီးချင်းတရုတ်နဲ့ အိန္ဒိယနိုင်ငံက မြို့တွေ အတော်များများပါဝင်ပြီး မြန်မာနိုင်ငံဟာ လေထုအညစ်ညမ်းဆုံးနိုင်ငံမှာ ပါဝင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
2017-05-15
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညက မင်္ဂ လာတောင်ညွန့်မြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီးရဲတပ်ဖွဲ့ က ဖမ်းဝရမ်း ထုတ်ထားသူတွေဖြစ်တဲ့ မျိုးချစ်သွေးဓမ္မကွန် ရက် ဥက္ကဌ ဦးတင်လင်း ထိုက်( ခ)လင်းလင်းနဲ့ အတွင်းရေး မှူး ဦးတင်ဌေးအောင်(ခ) အကြီးကောင်တို့ကို ဒီကနေ့ မင်္ဂ လာတောင်ညွန့်မြို့နယ် တရားရုံးမှာ ချုပ်ရက်ရမန်ယူခဲ့ ပါတယ်။
2017-05-15
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ အနီးမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေက ပေါက်ကွဲ မှုဖြစ်ပွားခဲ့တာနဲ့ဆက်နွယ်ပြီး ပြည်ပနိုင်ငံသားနှစ်ဦး ရဲ့ အလောင်းတွေနဲ့အတူ တင်းမေနဲ့ကျောင်းတောင် အလယ်ရွာက မော်လဝီနှစ်ဦး၊ စာကိုင်းရွာခံ တစ်ဦး တို့ရဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိ ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။
2017-05-15
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသမှာ တရုတ်တစ်ရှူး ငှက်ပျော စိုက်ပျိုးမှုကြောင့် သဘာဝပတ်ဝန်း ကျင် ပျက်စီးပြီး မြေယာပြဿနာတွေဖြစ်ပေါ်နေတဲ့အတွက် အဲဒီကိစ္စကို ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က စီစဉ်နေ ပါတယ်။
2017-05-15
ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ လူနေ အိမ်တွေနဲ့ ကိုက်(၂၀၀)သာ ကွာဝေး ပြီး မြစ်ထွက်ပေါက် ၆ ခုကို ပိတ်ဆို့ တည်ဆောက်ထားတဲ့ ယုဇနဆီအုန်းစက်ရုံကို စက်မှုဇုန် အတွင်း ပြောင်းရွှေ့ပေးဖို့ အစီအစဉ်ရှိမရှိနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက် ထားနွယ်ဝင်းက ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ ပါတယ်။
2017-05-15
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ် ကဒူးကြီးဒေသမှာရှိတဲ့ နားဟီးကျေးရွာက ဘုန်းကြီးကျောင်း ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ဝန်းကျင် အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခ သည်တွေကို ကူညီပေးနေတဲ့ ပအိုဝ်းဒေသ ကျန်းမာရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ PHWC ကနေ သိရပါ တယ်။
2017-05-15
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကနေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ညောင်ရွှေ မြို့နယ်ပြည် နယ်မဲဆန္ဒနယ်အမှတ်( ၁ )က ကိုယ်စားလှယ် ဦးခင်မောင် ဝင်း ကို ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးစံရွှေ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက် စာပေးပို့လိုက်ပါတယ်။
2017-05-15
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အတွင်းမှာ အခုလအတွင်း လေပြင်း တိုက်ခိုက်မှုကြောင့် အိမ်အလုံးရေ ၇၀၀ ဝန်းကျင် ပျက်စီးဆုံးရံှုးခဲ့ပြီး ဒေသခံတွေအနေနဲ့ ပျက်စီးသွား တဲ့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ ငွေကြေးလိုအပ် ချက်တွေ ရှိနေပါတယ်။
2017-05-14
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ တရုတ်နိုင်ငံသားတွေ တရားမဝင် ရောက်ရှိနေထိုင် မှု မရှိစေရေးအတွက် ဥပဒေမဲ့ ဝင်ရောက်နေ တာတွေကိုတွေ့ရင် ပြည်သူတွေက အသိပေး အကြောင်းကြားဖို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်ပါတယ်။
2017-05-14
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဖွဲ့ စည်းတာကို ကန့်ကွက်ထားတဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ဒီကနေ့ ကော်မရှင် တာ ဝန်ရှိသူတွေက ပါတီထိပ်တန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးအတွက် အကြံ ဉာဏ်တွေ တောင်းခံတာကို ငြင်းပယ်ခဲ့ပါတယ်။
2017-05-14
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေး ဝန်းထဲမှာရှိတဲ့ ကေတီဗွီ၊ နိုက်ကလပ် စတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ပိတ်သိမ်းခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးလုပ်ငန်းအချို့က အလုပ်သမား ၅ဝ လောက် ဒီကနေ့ တောင်ပိုင်းခရိုင်ဈေးများ ဌာနရုံးရှေ့နဲ့ မင်္ဂလာမွန်ဈေးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-05-14
မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှစ်ခုကို တစ်ပါတီတည်း အဖြစ် ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ နှစ်ပါတီပေါင်းစည်း ညှိနှိုင်းရေးအဖွဲ့ကနေ မွန်ပြည်သစ်ပါတီက နှုတ်ထွက်လိုက်ပါတယ်။