မင်္ဂလာတောင်ညွှန့် ရုန်းရင်းဆန် ခတ်မှု ၂ ဦး လာရောက်အဖမ်းခံ
2017.05.15

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှု နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသူတွေဖြစ်တဲ့ မျိုးချစ်သွေးဓမ္မကွန်ရက် ဥက္ကဌ ဦးတင်လင်း ထိုက်(ခ)လင်းလင်းနဲ့ အတွင်းရေးမှူး ဦးတင်ဌေးအောင်(ခ) အကြီးကောင်တို့ကို ဒီကနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန်ယူခဲ့ပါတယ်။
အဲဒီ ၂ ဦးဟာ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲစခန်းမှာ ဒီကနေ့ သွားရောက်အဖမ်းခံခဲ့ တာဖြစ်တယ်လို့ ဦးတင် လင်းထိုက်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
သူတို့ကို လာမယ့် မေလ ၂၂ ရက်နေ့မှာ အရင်ဖမ်းဆီးထားတဲ့ ဦးတင်ထွဋ်ဇော်(ခ) ကိုလတ်၊ မအောင်အောင်မြင့် (ခ) မအောင် တို့နဲ့အတူ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ပြီး ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ တို့ နဲ့အတူ အမျိုးသားရေး လှုပ်ရှားသူ ၅ ဦးကို ဆူပူနှိုးဆော်မှု ပုဒ်မ ၅၀၅(ဂ) နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက တရားစွဲဆိုထားတာပါ။
လက်ရှိမှာတော့ ၄ ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး ဆရာတော်ဦးသုစိတ္တ၊ ဦးပညာဝံသနဲ့ မြတ်ဘုန်းမိုရ်တို့ ကို ဖမ်း ဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက်ကြိုးစားနေပါတယ်။