သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော် မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2015-01-16
မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေးအရ အချင်းချင်း စိတ်ရှည်သည်းခံမှု နည်းပါး လာတဲ့ လက္ခဏာတွေ ကို မြင်တွေ့နေရပြီး ဒီအခြေ အနေတွေကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်မယ့် အလားလာတွေ တွေ့မြင်နေရတယ်လို့ လူ့အခွင့်ရေး ဆိုင်ရာ အမေရိကန်လက်ထောက် နိုင် ငံခြားရေးဝန်ကြီး Tom Malinowski က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-01-16
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အလွန်ကာလမှာ နိုင်ငံရေးဦးဆောင်မှု ဆက်လက်ရရှိဖို့အတွက် ကြိုးစားဆောင်ရွက်ကြ ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရ ဦးရွှေမန်းက ဗဟိုကော်မတီဝင်တွေကို ဒီနေ့ တိုက်တွန်း ပြော ကြားလိုက်ပါတယ်။
2015-01-16
အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှု၊ ဒုက္ခ သည်များနဲ့ ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ms. Ann Richard ဟာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့ ပြည် နယ် ECC ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ စစ်တွေမြို့ ရပ်မိ ရပ်ဖတချို့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2015-01-16
ဖားကန့်မြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ကျေးရွာ၃ ရွာက ဒေသခံတွေကို ကယ်ဆယ်ဖို့လည်း ခက်ခဲနေတယ်လို့ မြစ်ကြီးနား မြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။
2015-01-16
မြန်မာနိုင်ငံကို ၁ဝ ရက်ကြာရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ခေါင်းဆောင်တွေနဲ့ ဒီနေ့ ရန်ကုန်မြို့က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-15
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့ မနက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားရာ ကျေးရွာ ၃ ရွာလောက် က ဒေသခံ နှစ်ထောင်လောက် နှစ်ဘက် တပ်တွေအကြားမှာ ပိတ်မိနေပါတယ်။
2015-01-15
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး EITI လုပ်ငန်း စဉ်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို လူထုဆန္ဒခံ ယူပွဲတွေကျင်းပသွားမှာဖြစ်ကြောင်း MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာ၀ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေး အဖွဲ့ွက ပြည်ထောင်စုအစိုးရအဖဲ့ွထံ မနေ့က တင်ပြခဲ့တယ်လို့ သိရပါတယ်။
2015-01-15
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ အေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့ ဒီနေ့မနက် ၆နာရီကစပြီး တိုက်ပွဲ ဖြစ်ပွားနေ ပါတယ်။ အဲဒီတိုက်ပွဲကြောင့် ဖားကန့်မြို့နယ် သန်းခေါင်၊ ငှက်ပျောတော နဲ့ အောင်ဘာလေ ကျေး ရွာတွေက ရွာသား ၂၀၀၀ လောက် နှစ်ဘက် ပစ်ခတ်မှုအကြားမှာ ပိတ်မိနေတယ် လို့သိရပါတယ်။
2015-01-15
အမေရိကန် ဆိုနီရုပ်ရှင်ကုမ္ပဏီက မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကို သရော်လှောင်ပြောင် ရိုက်ကူးထားတဲ့ The Interview ဆိုတဲ့ ရုပ်ရှင်ကား ဇာတ်လမ်း ခွေတွေကို ရန်ကုန် မြို့မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က လိုက်လံသိမ်းဆည်းနေတာ ဟာ မြောက်ကိုရီးယားရဲ့ဖိအားကြောင့်ဖြစ်တယ်လို့ သတင်း မီဒီ ယာတွေက ပြောဆိုကြ ကြောင်း ရိုက်တာ သတင်း က ဖေါ်ပြပါတယ်။
2015-01-15
လူထုလူတန်းစားအလွှာအသီးသီးရဲ့ လက်ရှိအခက်အခဲတွေဖေါ် ထုတ်ဆွေးနွေးမယ့် လူထုစည်းဝေးပွဲ တစ်ရပ်ကို မန္တလေးမြို့မှာ ဒီနေ့သောကြာနေ့ မှာကျင်းပကြမယ်လို့သိရပါတယ်။
2015-01-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲကို Iron Cross တီးဝိုင်းနဲ့အတူ မန္တလေးမြို့ Mandalay Hill ဟိုတယ် မှာ ၂၀၁၅ ဇန်နဝါရီလ (၁၄)ရက် မနေ့ညက ကျင်းပ ခဲ့ပါတယ်။
2015-01-15
ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် တေးသီချင်းခွေ ဖြန့်ချီပွဲ မိတ်ဆက်အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက HOME Media ခန်းမမှာ ၂၀၁၅ ဇန်နဝါရီလ(၁၅)ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2015-01-15
စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံနေရတဲ့ စာရေးဆရာထင်လင်းဦး ဟာ ၂၀၁၅ ဇန်နဝါရီလ(၁၅)ရက် ဒီနေ့ ငါးကြိမ်မြောက်ရုံးချိန်းအပြီးမှာ ချောင်းဦးမြို့ မဟာဓမ္မာရံ ုပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဦးဆောင်တဲ့ သံဃာတော်တွေကို ကန်တော့ တောင်းပန်ခဲ့ပါတယ်။
2015-01-15
မကွေးမြို့က ဆေးတက္ကသိုလ်အတွက် ကုတင် ၂ ရာဆန့် သင်ကြားရေးဆေးရုံ ခြံစည်းရိုးခတ်ရာမှာ မြေသိမ်းခံထားရတဲ့ တောင်သူတွေက ကန့်ကွက်နေကြပါတယ်။ RFA သတင်းထောက်ကိုဇော်တူး က တင်ပြထားပါတယ်။