သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-16
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ တရုတ်နိုင်ငံအနေနဲ့ ဆက်ပြီး ကူညီသွား မှာဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ဒီကနေ့ ပြောလိုက်ပါတယ်။
2017-05-16
ရခိုင်ပြည်နယ် ဘူးသီးတောင် နဲ့ မောင်တောဒေသတစ်ဝိုက်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက လူသစ်စုဆောင်းတာနဲ့ သင်တန်းပေးနေတဲ့ သတင်းတွေရထားတယ်ဆိုပြီး တပ်မတော်ဘက်က ပြောတယ်လို့ မနေ့က တပ်မတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။
2017-05-16
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် မတော် PSLF/TNLA နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ကြား အခုလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
2017-05-16
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ဈေး တန်း ၁၀ ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်း က ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ တမူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေ သိရပါတယ်။
2017-05-16
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့ တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ် စဉ်တွေအတွင်း နေအိမ်တွေ မီးလောင် ဆုံးရှုံးခဲ့ရတဲ့ ဝပိတ်ကျေးရွာက မွတ်ဆလင်မိသားစု ၂ဝဝ ကျော်ကို မူလနေရာတွေမှာ ပြန်လည် နေရာချ ထားပေးပေမယ့် လာရောက်နေထိုင်သူ မရှိသေးဘူး လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြော ပါတယ်။
2017-05-16
အခုလ ၂၄ရက်နေ့မှာ စတင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မတိုင်မီ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး ညီလာခံတက်ရောက်ဖို့အတွက် ဒီကနေ့ မွန်ပြည်နယ်အစိုးရ အဖွဲ့က မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး တိုက်တွန်းလိုက်ပါတယ်။
2017-05-16
အခုလ ၂၄ရက်နေ့မှာ စတင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ အပစ်ရပ်စာချုပ် (NCA)မှာ လက်မှတ်ရေးထိုးပြီး ညီလာခံတက်ရောက်ဖို့အတွက် ဒီကနေ့ မွန်ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး တိုက်တွန်းလိုက်ပါတယ်။
2017-05-15
လှိုင်သာယာစက်မှုဇုန်နဲ့ ရွှေလင်ပန်းစက်မှုဇုန်က လည်ပတ်နေတဲ့ စက်ရုံတချို့ရဲ့ရှေ့မှာ ကျူးကျော် တဲတွေထိုးပြီး စက်ရုံပိုင်ရှင်တွေကို အုပ်စုဖွဲ့အဓမ္မခြိမ်းခြောက် ငွေညှစ်တောင်းခံနေသူတွေကို အရေးယူဖို့ နဲ့ပတ်သက်ပြီး ဆိတ်ကြီးခနောင်တို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေလ ၁၅ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး မှာ မေးမြန်းပါတယ်။
2017-05-15
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ စက်မှုရပ်ကွက်မှာ အရင် စစ်အစိုးရလက်ထက်က လျော်ကြေး မပေးဘဲ သိမ်းဆည်းခဲ့ပြီး၊ ပြီးခဲ့တဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတချို့နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတချို့ ခွဲဝေယူထားတဲ့ လယ်မြေဧက တရာကျော် ပြန်လည်ရရှိဖို့ ဒေသခံ ၆ဝ လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-05-15
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံမှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ကျင်းပနေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဆိုင်ရာ ထိပ်သီးညီလာခံကိုတက်ရောက်နေပါတယ်။
2017-05-15
မကြာသေးခင်က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကို "၁၅ ရက်နေ့မှာ မြေလှန်မယ်" ဆိုပြီး Wira Thu အမည်နဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ခြိမ်းခြောက် ရေးသားထားတဲ့အတွက် ဒီကနေ့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ ဝင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့ တွေ၊ ရပ်ကွက်အခြေပြုအဖွဲ့တွေ လုံခြုံရေး ယူနေကြပါတယ်။
2017-05-15
မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့၊ ပေါ်ပေါက်ဆဲ ဘာသာ လူမျိုးပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေ၊ ပြဿနာတွေ ပိုမိုဆိုးရွားမလာခင် မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ဖြေရှင်းဖို့ လိုအပ် ပုံတွေကို ဦးသစ်ဆင်း က တင်ပြမှာပါ။
2017-05-15
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းမှာ အခု လအတွင်း လေးကြိမ်ထက်မနည်း လေပြင်းတိုက် ခိုက်ခဲ့ တာကြောင့် အိမ်အလုံးရေ ၇၀၀ ဝန်းကျင် ပျက်စီးဆုံးရံှုးခဲ့ပြီး သေဆုံးသူဦးရေ ၃ ဦးအထိရှိလာ ပါတယ်။
2017-05-15
ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပုန်းစုတ်ရွာနဲ့ မဲတစေးရွာတွေမှာ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS က စစ်သားစုဆောင်းနေတဲ့အတွက် အဲဒီရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၂ဝဝ လောက်ဟာ နားဟီးကျေးရွာက ဘုန်းကြီးကျောင်းမှာ နေထိုင်နေရပါတယ်။
2017-05-15
ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပုန်းစုတ်ရွာနဲ့ မဲတစေးရွာတွေမှာ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS က စစ်သားစုဆောင်းနေတဲ့အတွက် အဲဒီရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၂ဝဝ လောက်ဟာ နားဟီးကျေးရွာက ဘုန်းကြီးကျောင်းမှာ နေထိုင်နေရပါတယ်။