လေးပြင်းကြောင့် စစ်ကိုင်း တိုင်း ကနီမြို့နယ်မှာ အိမ်ခြေ ၇ဝဝ ကျော်ပျက်စီး
2017.05.15
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းမှာ အခုလအတွင်း လေးကြိမ်ထက်မနည်း လေပြင်းတိုက်ခိုက်ခဲ့ တာကြောင့် အိမ်အလုံးရေ ၇၀၀ ဝန်းကျင်ပျက်စီးဆုံးရံှုးခဲ့ပြီး သေဆုံးသူဦးရေ ၃ ဦးအထိရှိလာပါတယ်။
ဒေသခံတွေအနေနဲ့ ပျက်စီးသွားတဲ့ နေအိမ်တွေပြန်လည်ဆောက်လုပ်ဖို့ ငွေကြေးလိုအပ်ချက်တွေရှိနေတယ်လို့ ကနီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။
ကနီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။