မောင်တောက အစိုးရပြန်ပေး တဲ့နေရာမှာ နေထိုင်သူမရှိသေး
2017.05.16

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဝပိတ်ကျေးရွာက မွတ်ဆလင်မိသားစု ၂ဝဝ ကျော်ကို မူလနေရာတွေမှာ ပြန်လည်နေရာ ချထားပေးပေမယ့် လာရောက်နေထိုင်သူ မရှိသေးဘူးလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါ တယ်။
နေရာချထားရေးအတွက် အဆင့်သင့်ဖြစ်နေပေမယ့် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်အပေါ် လိုက်နာခြင်း မပြုဖို့ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေရှိနေတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မောင်တောမြို့နယ်အတွင်းမှာ နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံခဲ့ရ တဲ့ ဖြစ်စဉ်တွေအတွင်း ဝပိတ်၊ ကျီးကန်းပြင်၊ ရေခပ်ချောင်းခွဆုံ၊ ဦးရှည်ကျစတဲ့ ကျေးရွာပေါင်း ၁၃ ရွာမှာ နေအိမ် မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၁ဝဝဝ ကျော်ဟာ ဆွေမျိုးသားချင်းတွေအိမ်မှာ နေ ထိုင်နေကြရတယ်လို့သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဲဒီ ၁၃ ရွာက နေအိမ်ဆုံးရှုံးခဲ့သူတွေကို နေရာချထားပေးဖို့အတွက် အစိုးရက ပေ ၆ဝ၊ ၄ဝ စီရှိတဲ့ အိမ်ရာမြေကွက်တွေ ဖော်ဆောင်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝပိတ်ကျေးရွာကို ဦးစွာ နေရာချထားပေးပြီးတာနဲ့ ကျန်တဲ့ရွာတွေကိုပါ ဆက်လက်နေရာချထားပေးမှာ ဖြစ်တယ် လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ပြောပါတယ်။
အစိုးရက ပြန်လည်နေရာချထားပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် အတင်းအကျပ်လာရောက် နေထိုင်ခိုင်းမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။