စက်မှုဇုန်က ခြိမ်းခြောက်ငွေတောင်းမှုများ

လှိုင်သာယာစက်မှုဇုန်နဲ့ ရွှေလင်ပန်းစက်မှုဇုန်က လည်ပတ်နေတဲ့ စက်ရုံတချို့ရဲ့ရှေ့မှာ ကျူးကျော်တဲတွေထိုးပြီး စက်ရုံပိုင်ရှင်တွေကို အုပ်စုဖွဲ့အဓမ္မခြိမ်းခြောက် ငွေညှစ်တောင်းခံနေသူတွေ ကို အရေးယူဖို့ နဲ့ပတ်သက်ပြီး ဆိတ်ကြီးခနောင်တိုလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေလ ၁၅ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မေးမြန်းပါတယ်။