သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာအနီး မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြားမှာပိတ်မိနေဆဲ ဒေသခံ ရွာသား နှစ်ထောင်လောက်ကို ဖားကန့်မြို့နယ်အခြေ စိုက် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ကားအစီး ၁၅၀ ကျော်နဲ့ သွားရောက်ခေါ်ဆောင်ပေမဲ့ အစိုးရတပ်မ ၆၆ လက်အောက် ခံတပ်တွေက သွားခွင့်မပြုဘူးလို့ သတင်းရရှိပါတယ်။
2015-01-17
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ မနေ့ညနေက စစ်တွေ ဟိုတယ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-01-17
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) အဖွဲ့ဝင် ကျောင်းသား ၅ ဦးကို ဒီကနေ့မနက် ၁ နာရီ ကျော်လောက်က ကုန်သည်လမ်းနဲ့ ၄၁ လမ်းထောင့် ဝန်ကြီးများရုံးအနီးမှာ လူဦးရေ ၃ဝ လောက်ပါဝင်တဲ့ အမည် မသိလူအုပ်စုက ရိုက်နှက်ခဲ့တာကြောင့် အမျိုးသားယဉ်ကျေးမှု နဲ့ အနုပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုအောင်သောင်းဦး ဦးခေါင်းခွံကွဲအက်ပြီး ရန်ကုန်ဆေးရုံ ကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အတွင်းလူနာ အဖြစ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
2015-01-17
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ရက်ပေါင်း ၆၀ ကန့်ကွက်ဆန္ဒပြထားပေမဲ့ အစိုးရဘက်က တုံ့ပြန်မှုမရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်သွားမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့က ဒီနေ့ ပြော လိုက်ပါတယ်။
2015-01-17
၆၃ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံက ကျောက်သား ရင်ပြင်မှာ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-17
လယ်သမား၊ အလုပ်သမား၊ ကျောင်းသူကျောင်းသားတွေနဲ့ သံဃာတော်တွေ စုပေါင်းပြီး ဒေသဆိုင်ရာ လူထုစည်းဝေးပွဲတခုကို မန္တလေးမြို့ ဦးပွားဆုတောင်းပြည့်ဘုရားဝင်းမှာ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-17
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2015-01-17
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးနေ့အဖြစ် ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-01-17
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လယ်ယာမြေတွေ သိမ်းယူထားတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ၂ ဦးဟာ ပအို့ဝ်တိုင်းရင်းသားတွေကို သွေးထိုးလှုံ့ဆော်တယ် ဆိုပြီး ပအိုင်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီက ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့တိုင်ကြားထား တယ်လို့ သိရပါတယ်။
2015-01-17
ပဲခူးတိုင်း အင်းတကော်မြို့နယ် ဂုံညင်းတန်းရွာက ဦးမောင်ကြီးနဲ့ အခြားလူ ၃ ယောက်ကို ဒေသခံ စစ်တပ်က အိမ်ဖယ်ခိုင်းတာကို မဖယ်တဲ့အတွက် ဇန်နဝါရီလ ၈ ရက်နေ့ညက နှိပ်စက်ညှင်းပမ်းခဲ့တယ် လို့ သိရပါတယ်။
2015-01-17
မြန်မာနိုင်ငံမှာ အမျိုးသားပညာရေး ဥပဒေ ကို ရက်ပေါင်း ၆ဝ အတွင်း ပြုပြင်ပြောင်း လဲပေးဖို့ ကျောင်းသားထုက အစိုးရ ကိုတောင်းဆိုထားတာ အခုရက်စေ့သွားပေမယ့် အစိုးရက အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိတဲ့အတွက် ဗြိတိန် နိင်ငံရောက် မြန်မာ နိုင်ငံသား လူငယ်တွေက လန်ဒန်မြို့ ရှိ မြန်မာသံရုံးရှေ့မှာ မနေ့မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြ ပါတယ်။
2015-01-17
ဥရောပသမဂ္ဂက ချီးမြှင့်မယ့် ၂၇ ကြိမ်မြောက် Tipperary International Peace တစ်ပရေရီနိုင်ငံတကာ ငြိမ်းချမ်းရေး ဆုအတွက် မြန်မာနိုင်ငံက လူ့ အခွင့်အရေးရှေ့နေ ဦးရော ဘတ်စန်းအောင်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နောက်ဆုံးဆန်ကာတင်စာရင်းမှာ ပါရှိနေ တယ်လို့သိရပါတယ်။
2015-01-16
ရခိုင်ပြည်နယ်က မွတ်စလင်ဘာသာ ဝင်တွေနဲ့ပတ်သက်ပြီး ကုလမဂ္ဂ လူ့အခွင့် အရေး ကောင်စီက ချမှတ်ထားတဲ့ အချက်တွေ အားလုံးကို မြန်မာအစိုးရက လက်မခံနိုင် တာကြောင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကွဲပြား တဲ့အမြင်တွေရှိနိုင်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒီနေ့ ပြောပါတယ်။
2015-01-16
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ တန်းတူအခွင့်အရေးတွေပေးဖို့ ကုလ သမဂ္ဂက တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို သံဃာတော်တွေ၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေအပါအဝင် ၃၀၀ ကျော်က ဒီနေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2015-01-16
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေး ရွာအနီးမှာ အစိုးရတပ်မ ၆၆ လက်အောက် ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်တွေအကြား ဒီနေ့ ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ် လို့ ဒေသခံရွာသားတွေက ပြောပါတယ်။