သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-19
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင် တောင်သူ ၂၀ နီးပါးဟာ ပါတီဝင်အဖြစ်ကနေ ဒီနေ့ နှုတ်ထွက်လိုက်ပါတယ်။
2016-12-19
သုံးစွဲဖို့အတွက် နိုင်ငံတကာကကူညီ တဲ့ ငွေကြေးတွေကို စီမံခန့်ခွဲဖို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနဲ့ မနက်ဖြန် ဖွဲ့စည်း မှာဖြစ်ပါတယ်။
2016-12-19
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းနီကယ် စက်ရုံက အလုပ်သမား ၅ဝဝ ခန့်ဟာ လုပ်ခ လစာတွေ တိုးမြှင့်ပေးဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-19
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကေအိုင်အေ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်တောင်ကုန်းစခန်းကို တပ်မတော်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိမ်းယူခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ပစ်ခတ်မှုတွေရှိတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကပြောပါတယ်။
2016-12-19
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်ရင်း ၃ နယ်မြေ လိုင်ဖောင်စခန်းမှာ KIA နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး လိုင်ဖောင်စခန်းအနီးတဝိုက်က ဒုက္ခသည်စခန်း ၄ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၃သောင်းလောက်ဟာ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
2016-12-18
ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နဲ့ တာချီလိတ် မြို့တွေမှာ မနေ့က လက်နက်ခဲယမ်းတွေနဲ့ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇သောင်းနီးပါးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် ပိုင် မြဝတီသတင်းစာက ဒီနေ့ ဖော်ပြထားပါတယ်။
2016-12-18
ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့က PCG Group တိရိစ္ဆာန်အစာ ထုတ်လုပ်ရေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တဲ့ ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ် သမားတွေက တရားစွဲဆိုထားတယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC က ပြော ပါတယ်။
2016-12-18
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်ဖောင်စခန်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေ တာကြောင့် စခန်းအနီးတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။
2016-12-18
တပ်မတော်ရဲ့ တိုက်ပွဲတွေ အောင်မြင်ဖို့နဲ့ တပ်မတော်ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသူတွေ စုစုပေါင်း တစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။
2016-12-18
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်း နီကယ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-18
ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီ တဝိုက်မှာ ပေါ်ပေါက်နေတဲ့ ဝေဖန်မှုတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2016-12-18
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဖျက်သိမ်းကြောင်း အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ ကြေညာချက်ဟာ မမှန်ကန်ကြောင်း ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ညီလာခံမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
2016-12-17
ရခိုင်ပြည်နယ်က အခြေအနေအတွက် ထာဝရတည်တံ့မယ့်အဖြေတရပ် ရှာဖွေရေးအတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Mardudi ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂ ရက် ကြာခရီး သွားရောက်ပါမယ်။
2016-12-17
ရန်ကုန်မြို့မှာ ဒီလ ၁၉ ရက်နေ့ရောက်ရင် ကျင်းပမယ့် အာဆီယံ-အရှေ့တောင် အာရှနိုင်ငံများအသင်း နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေ ထွက်ပြေးတဲ့ကိစ္စတင်ပြဖို့ ရည်ရွယ်ထားတယ်လို့ မလေး ရှား နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြလိုက်ပါတယ်။
2016-12-17
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန် တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့ပါတယ်။