သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-16
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၃၀ ပြည့်နှစ် ကျရင် ၉.၅ ရာနှုန်းအထိ ရောက်ရှိသွားနိုင်ပြီး၊ လူတစ်ဦးချင်း ဝင်ငွေဟာလည်း လက်ရှိတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၉၀၀ ကနေ၊၂၀၃၀ ပြည့်နှစ်မှာ ဒေါ်လာ ငါးထောင် နီးပါးမြင့် တက်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။
2014-09-16
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းတချို့မှာ အခုလအတွင်း လုံခြုံရေးဆိုင်ရာ ပြဿနာတချို့ပေါ်ပေါက်ခဲ့တယ်လု့ိ ခရိုင်ရဲတပ်ဖွဲ့က RFA ကို ပြောပါတယ်။
2014-09-15
စက်တင်ဘာလ ၁၃ ရက်နေ့ဟာ နိုင်ငံတကာ “လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့” ဖြစ်ပါ တယ်။ မြန်မာနိုင်ငံဟာ လူကုန်ကူးခံရမှု ထိပ်ဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။
2014-09-15
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်လောင်းမြို့နယ်၊ နောင်တယားမြို့နယ်ခွဲ တီကျစ်ကျေးရွာမှာ ကျောက်မီးသွေးတူးဖော်နေတဲ့ ဧဒင်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား ပဋိပက္ခ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
2014-09-15
မလေးရှားနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အကြမ်းဖက်ခံရမှုက အကာအကွယ်ပေးဖို့ အတွက် အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2014-09-15
နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတဲ့အခါ ထည့်သွင်းဆွေးနွေးသင့်တဲ့ မူဘောင်တွေ ရေးဆွဲနိုင်ဖို့ အတွက် နိုင်ငံရေးပါတီ ၅၆ ပါတီက ရန်ကုန်မြို့ Green Hill Hotel မှာ စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၂ ရက်ကြာဆွေးနွေးခဲ့ကြပါတယ်။
2014-09-15
မြေယာအငြင်းပွားမှုနဲ့ ထောင်ဒဏ်ကျခံနေ ရတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က လယ်သမားနဲ့ လယ်သမားအရေးဆောင် ရွက်သူ ၅၆ ဦးအနက် သုံးဦးရဲ့အယူခံမှုကို ရွှေဘိုခရိုင် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။ မူလကတင်တဲ့ အယူခံမှုမှာ ၅၃ ယောက်ကို ပယ်ချထားပြီး အထက်ရုံးက လက်ခံထားတဲ့ သုံးဦးရဲ့အယူခံမှုကို ပယ်ချလိုက်တာ လည်း ဖြစ်ပါတယ်။
2014-09-15
မြန်မာနိုင်ငံတစ်ဝှမ်း ဆန္ဒပြလယ်သမားတွေ ဖမ်းဆီးထောင်ချခံရမှုတွေနဲ့ လောလော ဆယ်ပေါ်ပေါက်နေတဲ့ လယ်ယာမြေ အငြင်းပွားမှုပြဿ နာတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ အတွက် အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကနေ ပူးတွဲကောင်မတီတစ်ရပ် ဖွဲ့စည်းလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ မြန်မာ နိုင်ငံ တောင်သူလယ်သမားအသင်း က တိုက်တွန်းလိုက် ပါတယ်။
2014-09-15
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်းမှာ မူးယစ်ဆေး ဝါး ရောင်းဝယ်သုံးစွဲမှုတွေကို အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တားဆီးနှိမ်နှင်းပေးဖို့ ဒေသခံ ၆၀၀ နီးပါးက အင်းတော် မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-09-15
ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နောင်တောင်ကီကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ် ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရ ပါတယ်။
2014-09-15
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားနေတဲ့ အပူပိုင်းမုန်တိုင်း တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီ Kalmaegi ဟာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေ ဆီကို မုန်တိုင်းငယ် အဖြစ် ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်း ထားပါတယ်။
2014-09-15
နိုင်ငံတော်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးမှာ လူငယ်တွေပါဝင်ဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2014-09-15
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ တရားရုံးက လွှတ်ပေးထားသူတစ်ဦးကို ရဲစခန်းက ပြန်လည်ဆင့်ခေါ် ခဲ့ပါတယ်။
2014-09-14
နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ ထည့်သွင်းဆွေးနွေးသင့်တဲ့ မူဘောင်တွေရေးဆွဲဖို့အတွက် နိုင်ငံရေးပါတီ ၅၆ ပါတီ ကအဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီတစ်ရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-09-14
ရန်ကုန်မြို့ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနဲ့ မြောင်းတကာ မြို့နယ်တွေက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်သောင်းနီးပါးကို တောင်သူတွေထံ ပြန်ပေးဖို့ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အသီးသီးကို ပေးပို့တောင်းဆိုသွားမယ် လို့ ဒီနေ့ မှော်ဘီမြို့နယ်မှာကျင်းပတဲ့ တောင်သူလယ်သမား ညီလာခံကနေ ဆုံးဖြတ်ခဲ့ပါတယ်။