ဒီမိုကရေစီရေးမှာ လူငယ်တွေ ပါဝင်ဖို့ သမ္မတ တိုက်တွန်း
2014.09.15

နိုင်ငံတော်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လူငယ်တွေပါဝင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို နေပြည်တော်မှာကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီသဝဏ်လွှာကို အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက အခုလိုဖတ်ကြားခဲ့တာပါ။
"ဒီမိုကရေစီကို ကျင့်သုံးသော နိုင်ငံတော်၏ အမြင့်ဆုံး အာဏာသည် ပြည်သူများက ပိုင်ဆိုင်ကြသဖြင့် ပြည် သူများ၏ စည်းစနစ်တကျရှိစွာ ပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည် ၊ မြန်မာလူငယ်ထုများ အပါအဝင် ပြည်သူတစ်ရပ်လုံး က ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ထောင်နေ ချိန်တွင် အပြန်အလှန်နားလည်မှု ယုံကြည်မှု သဘောထားကြီးမှုများ အခြေခံပြီး ပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ကြရန်နှင့် ဒီမိုကရေစီရေးတွင် လူငယ်များပါဝင်နိုင်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်သွားကြပါရန် အားပေး တိုက်တွန်းလိုက်ရပါသည်"
အခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ သံအမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် ၄ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။