သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-03
ပြည်ပ သတင်းဌာနတွေက နိုင်ငံခြားသား သတင်းစာဆရာတချို့ကို ပြည်သူ့လွှတ်တော် စည်းဝေးပွဲမှာ တက်ရောက် သတင်းယူဖို့ မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပေးလိုက်ပြီလို့ ရန်ကုန်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းနဲ့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။
2011-09-02
မြန်မာ့ နိုင်ငံရေးမှာ တိုင်းရင်းသားတွေ အရေးကို ချန်လှပ် ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ထပ်မံ ပြောဆို ခဲ့တယ်လို့ CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။
2011-09-02
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ဒို့တာဝန် အရေးသုံးပါး ဘောင်အတွင်း ကသာ ဆွေးနွေးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကြံံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အဆိုတင်သွင်း တယ်လို့ သိရပါတယ်။
2011-09-02
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှု အထောက်အကူပြု အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ကိုစိန်လှိုင်၊ ကိုရွှေဂျိုးနဲ့ မချိုတို့ ၃ ယောက်ဟာ နယ်ထောင် အသီးသီး ကနေ ထောင်ဒဏ် နှစ်စေ့ပြီး ဒီနေ့ ပြန်လွတ်လာ ကြပါတယ်။
2011-09-02
မန္တလေးမြို့မှာ သြဂုတ်လလယ်က စပြီး သတင်း ၂ ပတ်ကျော်လာပြီ ဖြစ်တဲ့ ရေလွှမ်းရေလျှံနေတဲ့ အခြေအနေတွေကို တင်ပြထားပါတယ်။
2011-09-01
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာမြေ ဆိုင်ရာ ဥပဒေကြမ်း အဆိုကို အာဏာရ အစိုးရ ပါတီဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီက စက်တင်ဘာလ ၁ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
2011-09-01
ယခင် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ထုတ်ဝေမဲ့ IGE ဂျာနယ်အပြင် တခြား နာမည်ကြီး စီးပွားရေးသမားတွေက ဂျာနယ် အသစ်တွေ ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-09-01
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေး စဉ်းစားရန် အမျိုးသား လွှတ်တော် ဥက္ကဌရဲ့ အဆိုပြု တင်ပြချက်ကို သဘောတူ လက်ခံလိုက်ပြီလို့ သိရပါတယ်။
2011-09-01
ဧရာဝတီမြစ်ကို ကယ်တင်ဖို့ အစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာနယ် အသီးသီးက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ အပါအဝင် ကျောင်းသား ပြည်သူတွေရဲ့ လက်မှတ်ပေါင်း (၁၆၀၀) ကို သမ္မတနဲ့ ဒုသမ္မတဆီ ဒီကနေ့ ပေးပို့လိုက်တယ်လို့ သိရပါတယ်။