တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဒို့တာဝန် အရေးသုံးပါး နဲ့သာဆွေးနွေးဖို့

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ဒို့တာဝန် အရေးသုံးပါး ဘောင်အတွင်း ကသာ ဆွေးနွေးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကြံံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အဆိုတင်သွင်း တယ်လို့ သိရပါတယ်။

2011.09.02
khin-aung-myint1-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။
AFP PHOTO/POOL/NYEIN CHAN NAING

ဒီအဆိုကို တင်သွင်းသူဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ၁၂ အမတ် ဦးရွှေရောင် ဖြစ်ပါတယ်။ တင်သွင်းတဲ့ အဆိုနဲ့ ပတ်သက်ပြီး တသီးပုဂ္ဂလ အမတ် ဦးဖုံးမြင့်အောင်က ခုလို ပြောပါတယ်။

“နိုင်ငံတော် အစိုးရအနေဖြင့် ယနေ့ ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခ များအပေါ် ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ဆိုင်းရေး အတွက် တွေ့ဆုံ ဆွေးနွေး နိုင်ရန်နှင့် ထိုသို့ေ ဆွးနွေးရာတွင် ဒို့တာဝန် အရေးသုံးပါးကို ထိပါး မခံဘဲ ဆွေးနွေးကြရန် ဆိုပြီးတော့ ဘောင်သတ်မှတ် ပေးတဲ့ သဘောပါ”

ဒီအဆိုကို ဦးကျော်ဆန်းက ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး အနေနဲ့ မဟုတ်ဘဲ နိုင်ငံတော် ပြောခွင့်ရ ပုဂ္ဂိုလ် အနေနဲ့ ထောက်ခံ ဆွေးနွေး သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ အမျိုးသား လွှတ်တော်မှာ သမ္မတ ဦးသိန်းစိန် တင်သွင်းတဲ့ အလွတ်ပညာသင် ကျောင်းများ ဆိုင်ရာ ဥပဒေဟာလည်း လွှတ်တော် အမတ်တွေ ဆွေးနွေးတာကြောင့် ပြန်လည် စဉ်းစားဖို့ လွှတ်တော် ဥက္ကဌက ဆုံးဖြတ် လိုက်တယ်လို့ သိရပါတယ်။ ဒီအချက်ဟာ ထူးခြားချက် ဖြစ်တယ်လို့ ဦးဖုံးမြင့်အောင် က ပြောပါတယ်။

“ဆွေးနွေးချက်ပေါ်မူတည်ပြီးတော့ ဆွေးနွေးချက်ကို လွှတ်တော်က ချက်ချင်း ဆုံးဖြတ်ချက် ချမပေးတာ ထူးခြားချက် ရှိပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲမှာ မူတည်ပြီးလို့ ရှိရင် လွှတ်တော် ဥက္ကဌက ဒါကို ပြန်လည် သုံးသပ်ဖို့ လိုတယ်ဆိုတဲ့ အတွက် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်နဲ့ အညီ ခင်ဗျားတင်တဲ့ မူကြမ်းကို ပြင်ဆင်သင့်တာ ပြင် ဖြည့်သင့်တာ ဖြည့် ဖြစ်သွား တာပေါ့”

အလားတူ ကျောက်မျက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ တင်သွင်းတဲ့ အဆိုကို ထောက်ခံဆွေးနွေးသူ ၈ ဦး လောက်ရှိပေမယ့် သတ္တုတွင်းဝန်ကြီးက ပြန်လည် ဖြေကြားပြီးတဲ့နောက် အဆိုကို မေးခွန်းအဖြစ် ပြောင်းလဲ သတ်မှတ် လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ပြည်သူ့ လွတ်တော်မှာတော့ ကော်မတီ ၁၉ဖွဲ့ ဖွဲ့စည်းကြောင်း အတည်ပြုတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။