သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-16
အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ၁၉၉ဝ ခုနှစ်ကစပြီး တောင်ကိုရီးယားမှာ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ ဦးရန်နိုင်ထွန်းကို ခန့်အပ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2021-08-16
မန္တလေးတိုင်း သံဃနာယကအဖွဲ့က မန္တလေး ငါးမြို့နယ်က ကိုဗစ်စစ်ဆေးရေးဂိတ်တွေမှာ သံဃာ သုံးပါးစီ နေ့စဉ်စောင့်ကြပ်ဖို့ သြဂုတ်လ ၁၂ ရက်နေ့က ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ညွှန်ကြားချက်ကို သံဃာနဲ့ ပြည်သူတွေ ဝိုင်းဝန်း ကန့်ကွက်ခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့မှာ ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ သိရပါတယ်။
2021-08-16
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ဖိနှိပ်ခံရချိန်က စစ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုကနေ အသက်မသေဘဲ ကျန်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံကို အာဂျင်တီးနားနိုင်ငံက တရားရုံးမှာ ဒီနေ့ သြဂုတ်လ ၁၇ ရက်မှာ ပထမဆုံးအကြိမ် ထွက်ဆိုမယ်လို့ သတင်းရရှိပါတယ်
2021-08-16
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးကျော်စွာမင်းက သူ့ကို မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ လန်ဒန်မြို့ရဲတပ်ဖွဲ့နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးကို တရားဝင်တိုင်ကြားလိုက်တယ်လို့ သတင်း ရရှိပါတယ်။
2021-08-16
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန် နယ်စပ်ကနေ ထိုင်းနိုင်ငံကို နှစ်ပတ်အတွင်း တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား နှစ်ထောင်လောက်ကို ဖမ်းဆီးခံရပါတယ်။ သြဂုတ်လ ၁ ရက်နေ့ ကနေ ၁၃ ရက်နေ့ထိ ထိုင်း-မြန်မာ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁,၉၅၅ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မတီက သြဂုတ်လ ၁၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
2021-08-16
မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ နန်းတော်ဂိတ်ပေါက်ကို တရုတ်အာဏာပိုင် တွေက ဒီကနေ့ တစ်ရက်တာ ပြန်ဖွင့်ပေးလို့ နေရပ်ပြန်ချင်တဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော်တို့ ပြန်လာခွင့်ရခဲ့တယ်လို့ မူဆယ်မြို့က ကူညီပေးနေသူတွေက ပြောပါတယ်။
2021-08-16
ကျောက်မဲမြို့နယ် ပန်ဆန်ရွာအနီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့ကတစ်ဖက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေကတစ်ဖက် တိုက်ပွဲဖြစ်ပွားနေလို့ ကြူရှောရွာကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ကြူရှောရွာ ဆရာတော် ဦးသိက္ခ က မိန့်ကြားပါတယ်။
2021-08-16
ချင်းပြည်နယ် မင်းတပ်မြို့မှာ သြဂုတ် ၁၅ ရက်ကနေ သြဂုတ် ၁၆ ရက် ဒီနေ့မနက် ပိုင်းအထိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အယောက် ၂၀ နီးပါး သေဆုံး ခဲ့တယ်လို့ မင်းတပ် CDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန် က ပြောပါတယ်။
2021-08-16
စစ်အာဏာသိမ်း ခြောက်လကျော် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော် အပါအဝင် ပါတီဝင် ၃၀၀ ကျော် အဖမ်းခံထားရပြီး အဲဒီအထဲက စစ်ကြောရေး နဲ့ အကျဉ်းထောင်မှာ ငါးဦး သေဆုံးခဲ့တဲ့ကိစ္စဟာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို အဓိက ပစ်မှတ်ထား ဖိနှိပ်ဖြိုခွင်းတာဖြစ်တယ်လို့ အဖမ်းခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် မိသားစုဝင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြဝေဖန်ပါတယ်။
2021-08-16
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် သံလွင်မြစ်အနောက်ခြမ်းမှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင် ၁၀၉ တပ်ဖွဲ့တွေက သြဂုတ်လ ၁၅ ရက် မနေ့က ညနေပိုင်း သုံးနာရီက စတင်တိုက်ပွဲတွေဖြစ်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-08-16
မြန်မာနိုင်ငံမှာ Covid 19 တတိယလှိုင်းကြောင့် ရောဂါကူးစက်ပြီး သေဆုံးမှုများ ပြားခဲ့တဲ့ ဇူလိုင်လအတွင်း ကိုယ့်အိမ်မှာ တစ်ယောက်တည်းနေရင်း ကူညီရာမဲ့ သေဆုံးနေသူတွေလည်း အများအပြား ရှိကြပါတယ်။ သော့ပိတ်ထားတဲ့ တံခါး အထပ်ထပ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေက ခက်ခက်ခဲခဲ ချိုးဖြတ်ဝင်ရောက်ပြီးမှ အလောင်းတွေကို သင်္ဂြိုဟ်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။
2021-08-16
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ရွာတစ်ချို့ကို စစ်ကောင်စီတပ်တွေက တစ်ပတ် ကျော်ကြာ ဝင်ရောက်စီးနင်းထားလို့ လူနှစ်ထောင်ကျော် ထွက်ပြေးနေရပြီး သြဂုတ် လ ၁၆ ရက် ဒီကနေ့မှာ ရုံးတောရွာက သက်ကြီးရွယ်အို နှစ်ယောက် တောထဲမှာ တိမ်းရှောင်ရင်းကနေ ဖျားနာပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-08-16
မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ အလုပ်သမားတွေ အတွက် အဆိုးရွားဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC) ရဲ့ အညွှန်းကိန်းမှာ သတ်မှတ်ခံထားရပါတယ်။
2021-08-16
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ ဟာ ဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း အလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
2021-08-16
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ရဲ့အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။