ကျောက်မဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်နေ

2021.08.16
ကျောက်မဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်နေ ကျောက်မဲမြို့နယ် ကြူရှောရွာကိုရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ဒေသခံတစ်ဦး

ကျောက်မဲမြို့နယ် ပန်ဆန်ရွာအနီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့ကတစ်ဖက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေက တစ်ဖက် တိုက်ပွဲဖြစ်ပွားနေလို့ ကြူရှောရွာကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ကြူရှောရွာ ဆရာတော် ဦးသိက္ခ က မိန့်ကြားပါတယ်။

ပန်ကွမ်းနဲ့ ပန်ဖျက်ရွာအနားမှာ သြဂုတ် ၁၁ ရက်နေ့ကစပြီး ဒီကနေ့ သြဂုတ် ၁၆ ရက်အထိ ၆ ရက်ကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ပန်ဆန်ရွာအနီးက တောင်ပေါ်မှာ SSPP တပ်စခန်းရှိတာမို့ ရွာထဲက အိမ်ထောင်စုသုံးဆယ် လူဦးရေ ၁၀၁ ယောက်တို့ဟာ မနေ့ကစပြီး ရွာမှာမနေရဲတော့ဘဲ ကြူရှောရွာကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

လက်ရှိမှာ သူတို့အတွက် စောင်နဲ့စားစရာတွေ လိုအပ်တယ်လို့ ကြူရှောရွာခံတစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲမှာ ဒီနှစ် ဇန်နဝါရီလကစလို့ နယ်မြေစိုးမိုးမှုအပေါ်အခြေခံပြီး တိုင်းရင်းသား လက်နက် ကိုင်တွေအချင်းချင်း တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲကြောင့် ကျောက်မဲနဲ့ မိုင်းငေါ့ မြို့နယ်တွေထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံစုစုပေါင်း တစ်ထောင်နီးပါးအထိ ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။