သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-12
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ဂျာအင်ယန်ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး KIA တပ်ရင်း ၁၈ ရဲ့ ခါအူ ရှေ့တန်းတပ်စခန်းကို အစိုးရတပ်တွေက သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
2014-02-12
မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား ညီအကိုမောင်နှမတွေ ဝိုင်းဝန်းကြိုးပမ်းကြ ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
2014-02-12
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဘဲ ဆက်လက်ထားရှိဖို့အတွက် မန္တလေးမြို့ နန်းရှေ့ဘောလုံးကွင်းမှာ ဒီကနေ့ ဟောပြောခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-02-12
၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီဟာ မနေ့ညက ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-02-12
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမနီနိုင်ငံသမ္မတ ဂျိုဝါဟင်- ဂေါက်ခ် ဟာ ဒီကနေ့ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မစ္စတာ ဂျိုဝါဟင်- ဂေါက်ခ်ဟာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနဲ့ ပတ်သက်လို့ ချီးကျူးပြောဆိုခဲ့သလို၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ခက်ခဲတဲ့ အကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။
2014-02-11
မြန်မာနိုင်ငံမှာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ ရေးသားတင်ပြချက်တချို့ မြင်တွေ့ရတာကြောင့် သတင်းမီဒီယာသမားတွေအနေနဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို စောင့်ထိန်းလိုက်နာ၊ ကျင့်သုံး ကြဖို့ MJA လို့ခေါ်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဒီကနေ့ နေ့စွဲနဲ့ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်၊
2014-02-11
ပြည်ထောင်စု လွှတ်တော်က ချထားပေးတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် သိန်းတစ်ထောင်နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လွှတ်တော်အတွက် သိက္ခာကျစရာတွေတွေ့ရှိခဲ့ရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို တင်ပြဖို့ ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2014-02-11
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားစွဲခံရပြီး အာမခံနဲ့ နေထိုင်နေတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင်(ခ) ဦးမောင်ပု အပါအဝင် ၇ ဦးကို သံတွဲမြို့နယ်တရားရုံးက ဒီကနေ့ အမှုကနေ အပြီးပြတ် လွှတ်ပေးလိုက်ပါတယ်။
2014-02-11
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဟသာၤတမြို့ အောင်တော်မူဘုရားကနေ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့အထိ ဒီနေ့ တောင်းဆိုဆန္ဒပြကြ ပါတယ်။
2014-02-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ် ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ဘဲ ဆက်လက်ထားရှိဖို့ မန္တလေးမြို့ နန်းရှေ့ဘောလုံးကွင်းမှာ ဖွဲ့စည်းပုံ မပြင်ရေး ထောက်ခံသူတွေက ဒီကနေ့ ဟောပြောခဲ့ပါတယ်။
2014-02-11
အာဏာ၊ ကြွယ်ဝမှုနဲ့ အခွင့်ထူးခံစားခွင့်တွေကို လက်မလွှတ်ချင်သူတွေရဲ့ အပြောင်းအလဲအပေါ် တားဆီးမှုအသံတွေကို နားမယောင်ကြဖို့နဲ့ မိမိတို့ တစ်ဦးချင်းရရှိထားတဲ့ လွတ်လပ်ခြင်းကို အသုံးချပြီး အမှောင်ထဲမှာ ကျန်ခဲ့သူတွေကိုတွဲခေါ်ကြဖို့ မြန် မာနိုင်ငံသားလူငယ်တွေကို တိုက်တွန်းကြောင်း ဂျာမနီသမ္မတ Mr. Joachim Gauck က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-02-11
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ သူ့ရဲ့ရာထူးသက်တမ်း ၆ နှစ်ကုန်ဆုံးခါနီး၊ တရားဝင်နောက်ဆုံးခရီးစဉ်အဖြစ် လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။
2014-02-10
"ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ရေးရာ နှီးနှောဖလှယ်ပွဲ" ကို တောင်ကြီးမြို့ "ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း" ခန်းမမှာ မနေ့က စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-10
ရခိုင်အမျိုးသား ညီလာခံတစ်ရပ် ကျင်းပနိုင်ရေးအတွက် ရခိုင်နိုင်ငံရေး အင်အားစု အသီးသီးက ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အကြိုညှိနှိုင်းဆွေးနွေးကြပြီးနောက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-02-10
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွေမှာ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးခွင့်အတွက် ရန်ကုန်မြို့က ဓာတ်ပုံဆရာတွေကိုသာ တင်ဒါချပေးလိုက်တဲ့အတွက် "ရခိုင်ပြည်နယ် ဓာတ်ပုံနဲ့ ဗီဒီယို ပညာသည်များအဖွဲ့" က ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။