ဖွဲ့စည်းပုံပြင်ဆင်ရေး ဟင်္သာတမှာ တောင်းဆိုဆန္ဒပြ


2014.02.11

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဟသာၤတမြို့ အောင်တော်မူဘုရားကနေ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့အထိ ဒီနေ့ တောင်းဆို ဆန္ဒပြကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထုဆန္ဒကို အခြေပြုပြီး ရေးဆွဲထားတာမဟုတ် လို့ ပြင်ဆင်စေလိုကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဒေသခံ ဦးစိန်သောင်းက ပြောပါတယ်။

"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက နအဖအစိုးရလက်ထက်မှာ သူတို့သဘောကျ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်၊ ပြည်သူ့ဆန္ဒနဲ့ ရေးဆွဲထားတဲ့ဥပဒေ မဟုတ်ဘူးဆိုတာကို လူတိုင်းသိနေကြတာပဲ၊ လွှတ်တော်ဥက္ကဌလည်း ပြောတယ်လေ၊ ပြည်သူ့အသံက လွှတ်တော်အသံ ဖြစ်ရမယ်ဆိုတော့ ကျနော်တို့ ပြည်သူ့အသံက လွှတ်တော်ကို ထင်ဟပ်ဖို့အတွက် အခုလိုလုပ်ရတာပါ"

ဒါ့အပြင် တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေးနဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေး စတဲ့အချက်တွေကိုပါ တောင်းဆိုခဲ့ကြပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဟင်္သာတမြို့မှာ ဆန္ဒပြတောင်းဆိုတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။