သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-19
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေ နဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုသာ လက်ခံလိုက်နာကြဖို့ ပါတီဝင်တွေကို ညွှန်ကြား ထားကြောင်း ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းလင်းက ပြောပါတယ်။
2014-12-19
ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး အတွက် သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကို အမျိုးသားလွှတ်တော်ရဲ့ စီးပွားရေး ၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်က တာဝန်ယူပေး မှာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိ သူတွေက ဒီနေ့ ပြောပါတယ်။
2014-12-19
ကွန်လွန်သွားပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လဆင်မန်ဒဲလား ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ဟာ မနေ့ညက သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-19
တိုင်းရင်းသားနိုင်ငံရေးပါတီ ၇ ခုနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖဲ့ွ UNA ညီလာခံကို ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့ မှာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပ မှာဖြစ်ပါတယ်။
2014-12-19
ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားတဲ့ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ကာကွယ်ရေးဝန်ကြီးဌာန၊ အစိုးရဝန်ကြီးဌာနတွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေက သိမ်းဆည်းထားတဲ့ လယ်ဧက ၃သိန်းကျော်ကို မူလပိုင်ရှင်တွေထံ ပြန်လည် ပေးအပ်သွားမှာဖြစ်တယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2014-12-19
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဟာ တစ်နိုင်ငံလုံးအကျိုးရှိမယ့် ကိစ္စဖြစ်တာမို့ အလေးအနက်ထား လုပ်ဆောင်ကြဖို့ဆိုပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပါတီဝင်တွေကို ပါတီဌာနချုပ်ကနေ ညွှန်ကြားကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားပါတယ်။
2014-12-19
ထိုင်းနိုင်ငံတောင်းပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးအမှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ အထူးစုံစမ်းရေးကော်မတီက ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-19
ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်တွင်းမှာ ပြန်လည် အခြေချနေထိုင်ရေးမှာ အကန့်အသတ်တွေ အဟန့်အတားတွေ ရှိနေသေးတယ်လို့ အရင်က ပြည်ပမှာ အခြေစိုက်တဲ့ အဖွဲ့အစည်း ၃ ခုက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-12-19
နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်နဲ့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-12-19
ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး အမှုနဲ့ပတ်သက်ပြီး မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ အထူးစုံးစမ်းရေးကော်မတီက ရန်ကုန်မြို့ Orchid Hotel မှာ ဒီဇင်ဘာ(၁၈)ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2014-12-19
မြန်မာ့ကျောက်စိမ်းဈေးကွက်ဟာ လောလောဆယ် အရောင်းအဝယ် မဖြစ်ဘဲ ဈေးကွက်အေးနေ တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်ကျောက်ကုန်သည်တွေက ဈေးကွက်ကစားနေတာကြောင့်လို့ ကျောက်သမားတွေက ပြောကြပါတယ်။
2014-12-19
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက နှစ်ပေါင်း ၂ဝ နီးပါး ပိတ်ထားခဲ့တဲ့ မာလာဆောင်နဲ့ သီရိဆောင်ကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ကျောင်းသားအရေးတော်ပုံ ကတည်းက ပိတ်ထားခဲ့တဲ့ မာလာဆောင်ကို ခုလို ပြန်ဖွင့်လှစ်ပေးတဲ့အတွက် ဝမ်းသာတဲ့အကြောင်း တက္ကသိုလ် ဆရာဆရာမတွေနဲ့ ကျောင်းသူတွေက ပြောပါတယ်။
2014-12-19
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်မွေးနေ့အတွက် ရွှေသံစဉ်ဂီတအဖွဲ့က မြန်မာနိုင်ငံအနှံ့ လှည့်လည်ပြီး အလှူငွေ ကောက်ခံနေပါတယ်။ ရွှေသံစဉ်ဂီတအဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်းက ထောက်ကြန့်၊ မှော်ဘီမြို့တွေ ရောက်ရှိပြီး ဖျော်ဖြေခဲ့ပါတယ်။
2014-12-19
ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပြည်တွင်းမှာ ပြန်လည်အခြေချနေထိုင်ရေးမှာ အကန့်အသတ်၊ အတားအဆီးတွေ ရှိနေသေးတယ်လို့ အရင်က ပြည်ပမှာအခြေစိုက်တဲ့ အဖွဲ့အစည်း ၃ ခုက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆို လိုက်ပါတယ်။
2014-12-19
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့အတွက် လက်ရှိအခွင့်အရေးတွေကိုဆုပ်ကိုင်ပြီး၊ နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ အဖွဲ့အားလုံးပါဝင်ဖို့ ကမ္ဘာကျော်ခေါင်းဆောင်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။