သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-19
ရခိုင်ပြည်နယ် အဝင်အထွက်လမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီးနောက် သံတွဲမြို့နယ်ထဲက ကမ်းခြေမြို့ဖြစ်တဲ့ ငပလီမြို့မှာ စက်သုံးဆီကအစ စားနပ်ရိက္ခာအဆုံး ပြတ်လပ်ပြီး ဈေးကြီးပေးဝယ်နေပါတယ်။
2023-11-19
တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ စားမေးပွဲအပြီး နေရပ်ပြန်ဖို့ ခရီးသွားလက်မှတ်ကို ခက်ခက်ခဲခဲ ဝယ်နေကြရပါတယ်။
2023-11-19
စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့မှာတင် ရှစ်ရက်အတွင်း အရပ်သား ၄၆ ဦးအထိ သေဆုံးခဲ့ပြီး မိုးဗြဲမြို့နယ်ထဲမှာတော့ ခြောက်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
2023-11-19
နမ့်ခမ်းမြို့နယ်ထဲက ပန်းဆေး ပြည်သူ့စစ်စခန်းကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က နိုဝင်ဘာလ ၁၉ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
2023-11-19
လောက်ကိုင်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာတာကြောင့် တရုတ် - မြန်မာ နယ်စပ်စည်းမျဉ်း အမှတ် BP-125 မှာရှိတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းနီးပါး နေထိုင်စရာ အခက်အခဲ ကြုံနေရပါတယ်။
2023-11-19
လားရှိုးမြို့နယ် မန်းယန်းအုပ်စု ကုန်ကျင်းရွာကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-18
ကောလင်းက ပုဂ္ဂလိကဘဏ်တွေကို ဝင်ရောက်စစ်ဆေးမှာဖြစ်လို့ ဘဏ်တွေအနေနဲ့ NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။
2023-11-18
သီပေါနဲ့ ကျောက်မဲကြားက ကျင်သီတံတား နိုဝင်ဘာ ၁၂ ရက်က ကျိုးကျသွားတာကြောင့် ကျောက်မဲပြည်သူတွေ စားနပ်ရိက္ခာနဲ့ စက်သုံးဆီပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
2023-11-18
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ယောက်ကို တာချီလိတ်အာဏာပိုင်တွေက ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပြီး အဲဒီထဲမှာ ထိုင်းအစိုးရ ဝရမ်းထုတ်ထားသူ သုံးယောက်ပါဝင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
2023-11-18
ထိုင်းနိုင်ငံက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ရင်း လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရတဲ့ မြန်မာအလုပ်သမားတချို့ ကို အလုပ်ရှင်က တာဝန်ယူ တာဝန်ခံတာမရှိတဲ့အတွက် နေရေးစားရေး ခက်ခဲနေကြရပါတယ်။
2023-11-18
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော် တိုးလာတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။
2023-11-18
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ လွိုင်ကော်မြို့က ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ တောင်ကြီးမြို့ကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ကြေညာချက်ထုတ်လိုက်ပါတယ်။
2023-11-18
တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းကနေ ရှစ်ကြိမ်လောက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပိတောက်ကုန်းနဲ့ အင်းကြီးပေါက်ရွာက ဒေသခံငါးရာကျော် ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
2023-11-18
ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တစ်သောင်းခန့် နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတွေက ပြောပါတယ်။
2023-11-18
မြို့အနီးအနားနဲ့ တခြားရွာတွေကိုထွက်ပြေးနေကြရတဲ့ ဒေသခံနှစ်သောင်းနီးပါးလည်း ဆေးဝါးနဲ့စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး လက်ရှိမိုးပါရွာနေတာကြောင့် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးပါ စိုးရိမ်နေရပါတယ်။