သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-03
စစ်အတွင်း အမျိုးသမီးတွေ အပေါ် တိုက်ခိုက်နေမှုတွေ ရပ်တန့်ဖို့ ဆွေးနွေးကြတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမျိုးသမီးတွေ ဦးဆောင်ကျင်းပတဲ့ ညီလာခံတရပ်ကို ကနေဒါနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။
2011-06-03
ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်း မိုင်းကောင်မြို့တောင်ဘက် ၇ မိုင်အကွာရှိ SSA စခန်းထိုင်ထားတဲ့ နေရာမှာ မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ ဒီကနေ့ မနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၂ နာရီ လောက်အထိ တိုက်ပွဲတွေ မရပ်သေးဘူးလို့ သိရပါတယ်။
2011-06-03
မြန်မာအစိုးရသစ်နဲ့ အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး တိုးတက်အောင် ကြိုးစားကြဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ဒီကနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2011-06-03
အစိုးရ ကိုယ်တိုင်က ဆန္ဒရှိမှာသာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဇွန်လ(၂) ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
2011-06-03
မြန်မာနိုင်ငံက အခြေနေတွေဟာ အားရကျေနပ်စရာ မရှိသေးသလို လူ့အခွင့်ရေး အခြေနေတွေဟာလည်း ဆိုးဝါးဆဲ ဖြစ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်က မနေ့က ပြောကြား လိုက်ပါတယ်။
2011-06-03
အမေရိကန်အစိုးရက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ရုပ်သိမ်း ဖို့ ကိစ္စဟာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအပေါ် မူတည်နေကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2011-06-03
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဇွန်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2011-06-01
ချင်းပြည်နယ် အစိုးရမှာ ဝန်ကြီးနေရာတွေ ရရှိထားကြတဲ့ ချင်းပါတီ (၂) ခုက ဝန်ကြီးတွေဟာ ဌာန အလုပ် လုပ်ကိုင်ခွင့် မရသေးသလို တချို့ဟာ တာဝန်ယူရတဲ့ ဌာနဆိုင်ရာတွေနဲ့ မသက်ဆိုင်တဲ့ ဌာနတွေ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
2011-06-01
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးက လူ့အခွင့်ရေး အဆိုးတကာ့ အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ၁၀ နှစ်မြောက် အဖြစ် မနေ့က ထည့်သွင်း ဖော်ပြလိုက်ပါတယ်။
2011-06-01
နေပြည်တော်တိုင်း လယ်ဝေးမြို့နယ် ပင်သောင်အုပ်စုက ကျေးရွာတွေမှာ ကြံစိုက်တောင်သူတွေ ပိုင်တဲ့ မြေဧက ၂၀၀ ကျော်ကို တောင်သူတွေ ပိုင်ဆိုင်မှု မပြနိုင်ဘူးဟုဆိုကာ စစ်တပ်အရာရှိနဲ့ စည်ပင် အာဏာပိုင်တွေ ပေါင်းပြီး သိမ်းယူခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။
2011-06-01
ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့နယ်မှာ ဝက်နားရွက်ပြာ ရောဂါလို့ ယူဆရတဲ့ ကူးစက်ရောဂါ တမျိုးကြောင့် ဝက်တွေ သေဆုံးမှု ပိုမို တိုးပွားလာနေပြီး၊ ဒီကိစ္စကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက် ဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။
2011-06-01
အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဒီကနေ့ ဇွန်လ ၁ ရက် မနက်ပိုင်းမှာ ပျဉ်းမနား နေပြည်တော်ကို ရောက်ရှိသွားပြီး ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။
2011-06-01
အမေရိကန် အစိုးရဖက်က မြန်မာနိုင်ငံရဲ့ မူဝါဒနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှု ချမှတ်ထားရာကနေ အပြုသဘော ဆက်ဆံရေးနဲ့ပါ ပူးတွဲချမှတ် ကျင့်သုံးခဲ့ပေမယ့် အမေရိကန်ရဲ့ တောင်းဆိုမှုကို မြန်မာ အစိုးရဖက်က ဘာမှ လိုက်လျောမှု မရှိသေးဘူးလို့အမေရိကန် အစိုးရ အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Kurt Campbell က မနေ့က ပြောလိုက်ပါတယ်။