သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-21
ဧပြီလ ၂၀ ရက် ည ၁၂ နာရီခန့်က မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် ၁၅ ရပ်ကွက်မှာ မီးလောင်ခဲ့ပြီး နေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။
2021-04-20
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းတာ ဖမ်းဆီး သတ်ဖြတ်တာတွေ အဆက်မပြတ် လုပ်နေပါတယ်။ ဒီလို ရက်ရက်စက်စက် ဖြိုခွင်းသတ်ဖြတ်မှုတွေကို မြင်တွေ့ခံစားနေရတာကြောင့် မြန်မာစစ်တပ်ရဲ့ အခုလို ရက်စက်မှုတွေကို တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ ခံလာခဲ့ရတာပဲဆိုတဲ့ အသိနဲ့ နားလည်မှုတွေ ပြည်သူအကြားမှာ ပိုပြီး ရှိလာနေ ပါတယ်။ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့် တိုင်းရင်းသားတွေအချင်းချင်း ပိုစည်းလုံးလာတဲ့အပြင် ရိုဟင်ဂျာတွေ အပေါ်မှာလည်း အမြင်တွေ ပြောင်းလဲသွားပါတယ်။
2021-04-20
စစ်ကောင်စီလက်အောက်ခံတပ်သားတွေက ပစ်ခတ်ဖြိုခွင်းတဲ့အခါ တနေရာထဲကို စုရုံးမပြေးဘဲ ဦးတည်ချက် မတူတဲ့ နေရာတွေဆီ ပြေးထွက်လူစုခွဲခြင်းအားဖြင့် လိုက်လံပစ်ခတ်မယ့်သူတွေကို ဝေဝါးသွားစေနိုင်တယ်လို့ အမေရိကန်ရေတပ်မှာ စစ်ဆင်ရေးကျွမ်းကျင်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုမျိုးဇော်ကပြောပါတယ်။
2021-04-20
ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်လမ်းက သူရိန်အလူမီနီယံလုပ်ငန်းဆိုင်ကို မနေ့မနက်က စစ်တပ်နဲ့ရဲတွေလာရောက် ရှာဖွေပြီး ဆိုင်ပိုင်ရှင် ဒေါ်နီနီခိုင်နဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦး အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် အဲဒီဆိုင် ကနေ လက်လုပ်ဗုံးတွေ တွေ့ရတယ်လို့ စစ်ကောင်စီက မနေ့ညမှာ ကြေညာခဲ့ပါတယ်။
2021-04-20
ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ အခုဆိုရင် သီတင်းပတ် ၁၁ ပတ် ရှိသွားပါပြီ။ ဒီကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေ ကြောင့် သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၅၂ ယောက် ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ မိန်းကလေး ၇ ယောက်နဲ့ ယောကျာ်းလေး ၄၅ ယောက် ပါဝင်ပါတယ်။
2021-04-20
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ အရေးကြီးတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပြီး ဥရောပသမဂ္ဂ (EU) အနေနဲ့ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာ ရှိနှင့်ပြီး ဖြစ်တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2021-04-20
မန္တလေးမြို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကို ဖမ်းဆီးပေးတဲ့သူကို ဆုငွေကျပ် သိန်းတစ်ရာ ချီးမြှင့်မယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။
2021-04-20
အာဆီယံမှာ အရေးပေါ် အစည်းအဝေးကို ဧပြီ ၂၄ စနေနေ့မှာ ကျင်းပဖို့ ရှိနေချိန်မှာပဲ ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းကြဖို့နဲ့ အာဆီယံရဲ့ အကူအညီယူဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2021-04-20
အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အာဏာအမြန်ဆုံးတည်မြဲရေးအတွက် လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို သူတို့စိတ်ကြိုက် အကြမ်းဖက်ခွင့် ပေးထား တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားဆန္ဒပြနေကြတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းလာကြတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ပြောကြပါတယ်။ ဒီလို အကြမ်းဖက် ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေအကြား အကြောက် တရားတွေ ပိုများလာကြသလို တစ်ဖက်မှာလည်း စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက်လည်း စိတ်ဓာတ်တွေ ပိုခိုင်မာလာကြပါတယ်။
2021-04-20
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG က ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ပူးပေါင်းပါဝင်မယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF နာယက စောညာမော်မဲက ပြောလိုက်ပါတယ်။
2021-04-20
ဧပြီ ၂၀ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်း ကမာရွတ်မြို့နယ် လှည်းတန်းမှာ ရဲအင်အားများစွာက အိမ်ကားတစ်စီးကို တားကာ ကားပေါ်ပါတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
2021-04-20
စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၁၉ ရက် မနေ့ နေ့လယ်ပိုင်းကနေ ဧပြီလ ၂၀ ရက် ဒီနေ့ထိ ၂၄ နာရီလောက်အတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေဆုံးသူ တစ်ယောက်နဲ့ ထပ်ပြီးအဖမ်းခံရ တဲ့သူ အယောက် ၉၀ ကျော်ရှိခဲ့ပါတယ်။
2021-04-20
နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်း က သူရိန်အလူမီနီယံလုပ်ငန်းပိုင်ရှင် ဒေါ်နီနီ အပါအဝင် သူ့ဆိုင်က အလုပ်သမားတွေ၊ စုစုပေါင်း ကိုးယောက်ကို ဒီနေ့နေ့လယ်မှာ စစ်တပ်က ဖမ်းသွားပါတယ်။
2021-04-20
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို ပြည်သူတွေဘက်က နည်းလမ်းအမျိုးမျိုးနဲ့ နေ့စဉ်လုပ်ဆောင်နေသလို စစ်တပ်နဲ့ ရဲကလည်း ဆန္ဒပြပွဲတွေလုပ်လို့မရအောင် အခုရက်ပိုင်းတွေအတွင်း တင်းကျပ် စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
2021-04-20
သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်ပြီး လတ်တလောမှာ Institute for Strategy and Policy-Myanmar (ISP - Myanmar) မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ကိုအောင်မျိုးထက်ကို ဧပြီ ၂၀ ရက်၊ ဒီနေ့ နေ့လယ်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က လက်ဖက်ရည်ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။