အကြမ်းဖက်ဖြိုခွဲမှုမှာ ထိခိုက်မှုနည်းအောင် ကြိုတင်ပြင်ဆင်ရေး

ခက်မာ(ဝါရှင်တန်ဒီစီ)
2021.04.20

စစ်ကောင်စီလက်အောက်ခံတပ်သားတွေက ပစ်ခတ်ဖြိုခွင်းတဲ့အခါ တနေရာထဲကို စုရုံးမပြေးဘဲ ဦးတည်ချက် မတူတဲ့ နေရာတွေဆီ ပြေးထွက်လူစုခွဲခြင်းအားဖြင့် လိုက်လံပစ်ခတ်မယ့်သူတွေကို ဝေဝါးသွားစေနိုင်တယ်လို့ အမေရိကန်ရေတပ်မှာ စစ်ဆင်ရေးကျွမ်းကျင်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုမျိုးဇော်ကပြောပါတယ်။

ဘုံဦးတည်ချက်အောင်မြင်ဖို့ ပြည်သူဘက်ကိုကူးပြောင်းချင်တဲ့တပ်သားအရာရှိတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ကိုလည်း ညှိနှိုင်းပူးပေါင်းဖို့လည်း သူကတိုက်တွန်းပါတယ်။ ကိုမျိုးဇော်ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ် မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။