သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-19
ကယားပြည်နယ် ဒီမောဆိုးမြို့နယ် ငွေတောင်ကျေးရွာက မြေ ၃၁ ဧကကျော်ကို ခလရ ၁၀၂ တပ်က သိမ်းယူခဲ့တဲ့အတွက် သူတို့ရဲ့ မြေတွေကို ပြန်လိုချင်ကြောင်း ဒေသခံရွာသားတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-12-19
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကင်းရွာမှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီကို ဖျက်သိမ်းပြီး တိုးချဲ့မီးလင်းရေးကော်မတီ ဖွဲ့စည်းတာကို လက်မခံကြောင်း ဒေသခံရွာသား ၂၀၀ လောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က မြောင်မြို့မှာ ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။
2018-12-19
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်တန့်နေတာဟာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကြောင့်ဖြစ်တဲ့အတွက် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ မူဘောင်ပြင်ဆင်ရေး ဆွေးနွေးသင့်တယ်လို့ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-19
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း အထက်ပြူးမကျေးရွာက ငါးရှာရင်းပျောက်ဆုံးနေတဲ့ ဒေသခံနှစ်ဦးရဲ့ ရုပ်အလောင်းကို ရွာသားတွေက ဒီနေ့မနက် ၁၁ နာရီခွဲအချိန်လောက်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
2018-12-18
တိုင်းရင်းဆေးပညာရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကြမ်းမှာ ပုဒ်မ ၁၅ (စ) ထည့်သွင်းလိုက်တဲ့အပေါ် တိုင်းရင်းဆေးကျောင်းသား ကျောင်းသူတွေ ဝန်ထမ်းတွေက ကန့်ကွက်မှုတွေရှိနေပါတယ်။
2018-12-18
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ယင်းမာပင်၊ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တဝိုက်က မြေဧက တစ်သိန်းတစ်သောင်း သုံးထောင်ကျော်မှာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာရန်စီကုမ္ပဏီတို့ ပူးပေါင်းပြီး ကြေးနီနဲ့ ဆက်စပ်သတ္တုရှာဖွေဖို့အတွက် ကနဦးအဆင့် စမ်းသပ်တိုင်းတာရေးလုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။
2018-12-18
မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကနေ အပြီးအပိုင်ဖယ်ရှား ရှင်းလင်းမယ့် အလားအလာတွေ့နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
2018-12-18
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းမှာ ဒေသခံတိုင်းရင်းသားတွေ မကြာခဏတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်နေကြတဲ့အကြောင်း ဖြစ်ပါတယ်။
2018-12-18
တိုင်းရင်းဆေးပညာရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှာ ပုဒ်မ ၁၅ (စ) ထည့်သွင်းလိုက်တဲ့အပေါ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဝန်ထမ်းတွေက ကန့်ကွက်နေကြပါတယ်။
2018-12-18
မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူရဲ့ တပည့်ဖြစ်သူက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အမှု ရင်ဆိုင်နေရတာ တစ်နှစ်ခွဲနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
2018-12-18
တောင်ကိုရီးယား “May 18 Memorial Foudation” လူ့အခွင့်အရေးအဖွဲ့ က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Gwangju လူ့အခွင့်အရေးဆုကို ပြန်ရုပ်သိမ်းတဲ့အကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
2018-12-18
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး၊ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေ ဖြေရှင်းပေးရေးနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုလိုက်ကြပါတယ်။
2018-12-18
မြန်မာနိုင်ငံက တရုတ်ချေးငွေတွေအပါအဝင် တနှစ်ကို ပြည်ပချေးငွေတွေအတွက် အမေရိ ကန်ဒေါ်လာ သန်း ၇၀၀ ခန့် ပြန်ဆပ်နေရတဲ့အပေါ် အဖြေရှာဆောင်ရွက်သင့်ပြီလို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-12-18
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှာ တိုင်းရင်းဆေးပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုနေတဲ့ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူရဲ့ အရည်အချင်းများ သတ်မှတ်ခြင်းဆိုတဲ့ ပုဒ်မ ၁၅ (စ) ထည့်သွင်းလိုက်တဲ့အပေါ် တိုင်းရင်းဆေးပညာရှင်တွေ၊ ကျောင်းသား ကျောင်းသူတွေ က ကန့်ကွက်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2018-12-18
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ အဝီစိတွင်းတူးတဲ့နေရာကနေ ဓာတ်ငွေ့တွေ ပန်းထွက်လာတာကြောင့် ပေ ၁၀၀ ပတ်လည်အတွင်း မီးမသုံးဖို့ တားမြစ်ထားတယ် လို့ သိရပါတယ်။