သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-17
အရှေ့တောင်အာရှ အားကစားပွဲတော် SEA Games အားကစားပွဲတွေမှာ ပရိသတ်အားအထားဆုံးပွဲဖြစ်ခဲ့တဲ့ အိမ်ရှင် မြန်မာနဲ့ ထိုင်းနိုင်ငံ ဘောလုံးပွဲစဉ်မှာ ကွင်းအတွင်းနဲ့အပြင် ပရိသတ် စုစုပေါင်း ၅ သောင်းကျော် အားပေးခဲ့ကြပါတယ်။ ဒီပွဲစဉ်ရဲ့ ထူးခြားချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-17
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ ပတ်သက်ပြီး ကော့မှူးနဲ့ သာယာဝတီ မြို့နယ်တွေမှာ ပြုလုပ်တဲ့ လူထုသဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥပဒေပညာရှင် ဦးဝင်းမြင့်နဲ့ ဦးဌေးဦး (စိန်ဂျွန်း)တို့က ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-17
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘာကြောင့်ပြင်ဆင်ဖို့ လိုအပ်သလဲဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နဲ့၊ ပဲခူးတိုင်း သာယာဝတီမြို့တွေမှာ လူထုဟောပြောပွဲ ပြုလုပ်ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေထဲက တချို့ကို ကောက်နှုတ်ပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-16
မြန်မာအစိုးရအနေနဲ့ အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေကို ခေတ်နဲ့အညီ ဆက်လက်ဆောင် ရွက်ဖို့ တိုက်တွန်းကြောင်း ဥရောပသမဂ္ဂ EU အဖွဲ့ ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဒီဇင်ဘာလ ၁၆ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2013-12-16
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ မနေ့ ညနေ ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးပွဲအပြီးမှာ ဘောလုံး ပွဲ ပရိသတ်တချို့နဲ့ လုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2013-12-16
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မကြာခဏ ဆိုသလို ဒေသခံရှမ်းတိုင်းရင်းသားတွေကို အဓမ္မစစ်သားသစ ်စုဆောင်းနေတဲ့အတွက် ကချင်ပြည်နယ် အတွင်းက ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး အခုရက်ပိုင်း အတွင်း ဆန္ဒထုတ်ဖော်ဖို့ မြိ့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၅ ရက် မနေ့က စာတင်ထားတယ်လို့သိရပါတယ်။
2013-12-16
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က နိုင်ငံရေးအရာရှိ Mr. Paul Turner ဦးဆောင်တဲ့ သံရုံးအရာရှိတွေဟာ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နောင် အနာဂတ် ကာလမှာ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်နိုင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး မနေ့က စစ်တွေမြို့မှာ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2013-12-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ခြေမအရိုးအဆစ် နာကျင်နေ တာကြောင့် ဒီကနေ့မနက်ပိုင်းက အာရှတော်ဝင်ဆေးရုံမှာ ခွဲစိတ် ကုသခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန်ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
2013-12-16
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းပါ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
2013-12-16
၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်ပြည့် စိန်ရတုပွဲကို လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အထက်ပစ္စယံရင်ပြင်မှာ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဆီကို စာတင်ထားတယ်လို့ စိန်ရတုပွဲဖြစ်မြောက်ရေးကော် မတီက ပြောပါတယ်။
2013-12-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ပါဝင်အရွေးခံခွင့်ပြုဖို့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေ က မြန်မာအစိုးရကို တိုက်တွန်းကြမယ်လို့ သိရပါတယ်။
2013-12-15
အခုတစ်ပတ် တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့ကျန်းမာရေး ညီလာခံတစ်ရပ်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိုယွင်းအားလျော့နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာကို အခြေခံပြီး ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2013-12-15
ဒီနေ့ ကျရောက်တဲ့ ၃၉ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သာကေတ တိုင်းရင်း သားကျေးရွာမှာ ဒီမနက် ကျင်းပပြုလုပ်ခဲ့ရာမှာ ရခိုင်တိုင်းရင်းသား လေးသောင်းနီးပါးလောက် တက်ရောက်ခဲ့တယ်လို့အခမ်းအနား စီစဉ်သူတွေ က ပြောပါတယ်။
2013-12-15
ပေါင်းတည်အကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ မိတ္ထီလာ ပြည်သူ့အကျိူးဆောင်ကွန်ရက်က ကိုသန့်ဇင်ထက်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွား လာနေတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
2013-12-15
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မဲပေးတဲ့အခါ လွတ်လပ်မှု ရှိနိုင်ပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။