သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-21
နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌနှစ်ဦး၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ပါဝင်တဲ့ ၆ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန် ဆုံးပြုလုပ်ပေးဖို့ သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံ ၃ဝ နီးပါး က ဒီကနေ့ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-21
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေအများစုကို မြေယာလျော်ကြေးတွေပေးပြီးဖြစ်တယ် လို့ဝမ်ပေါင်ကုမ္ပဏီကပြောဆိုပေမဲ့၊ လယ်မြေဧက ၃၀၀၀ကျော် လျော်ကြေးမယူရသေးဘူးလို့ သိရပါတယ်။
2014-12-21
ရန်ကုန်မှာ တနင်္လာနေ့ကစပြီး ၂ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCCT အဖွဲ့ ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဦးနိုင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ မတက် ရောက်တာဟာ KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးကို အစိုးရစစ်တပ်က လက်နှက်ကြီးနဲ့ ပတ်ခတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဖက်က အတိအကျအကြောင်းမပြန်သေးတာကြောင့် ဆိုတဲ့ အချက်ပါဝင်တယ်လို့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောပါတယ်။
2014-12-21
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ ကြမ်းမှာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထား သူတွေကိုပါ ဆန္ဒမဲပေးခွင့်ပြုသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူရဲ့ သဘောထားကို ပြည်ထောင်စု လွှတ်တော် နာယကသူရဦးရွှေမန်းထံ သဝဏ်လွှာပေးပို့ ထားပါတယ်။
2014-12-21
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က အများပိုင်အားကစားကွင်းကို အဆောက်အဦး ဆောက် လုပ်ခွင့်ပြု ထားတဲ့အတွက် ဒီနေ့ဆန္ဒပြကြရာမှာ ဆန္ဒပြသူ ၂၀၀ ထဲက ဦးဆောင်သူ ၈၈မျိုးဆက် ကိုကိုကြီး နဲ့ ၄ ဦးကို တောင်ဥက္က လာပမြို့နယ် ရဲစခန်းမှူးက ပုဒ်မ ၁၉ နဲ့ တရားစွဲလိုက် ပါတယ်။
2014-12-21
နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့အလုပ်မဟုတ် ၊ နိုင်ငံရေးလုပ်သူချို့ကသာ ညစ်ပတ်ကြ တာဖြစ်ကြောင်း၊ လူငယ်တွေအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားကြစေလိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းပြောကြားခဲ့ပါတယ်။
2014-12-21
၂၀၁၄ ခုနှစ်အတွင်း သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုအများဆုံးနိုင်ငံ ၁၀ နိုင် ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။
2014-12-21
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို အတည်ပြုထားပြီးဖြစ် ပါတယ်။ အဲ့ဒီဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
2014-12-21
လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲကို မနေ့က ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်မှာ ကျင်းပခဲ့ပါတယ်။
2014-12-20
တရုတ်အစိုးရက အိမ်နီးချင်း မဲခေါင်မြစ် ဝှမ်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေ တိုးတက် ဖွံ့ဖြိုးရေးအတွက် ချေးငွေနဲ့ ထောက်ပံ့ ကူညီငွေအဖြစ် ($11.5Billion) အမေရိကန်ဒေါ်လာ ကုဋေ တစ်ထောင်ကျော် ပေးမယ်လို့ မနေ့က ကြေညာ လိုက်ပါတယ်။
2014-12-20
မဲခေါင်ဒေသနိုင်ငံတွေအတွက် တရုတ်နိုင်ငံက ကူညီမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2014-12-20
ပြီးခဲ့တဲ့ရက်ပိုင်းက မိကျောင်းကန် ပြည်သူတွေရဲ့ သပိတ်စခန်းမှာ အကူအညီပေးနေတဲ့ ကိုဝေဠုကို ဖမ်းဆီးသွားတာနဲ့ တခြာဒေသတွေမှာ အသိမ်းခံ ရတဲ့ လယ်မြေတွေ ပြန်ရရေးအတွက် ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံနေရသူတွေကိစ္စတွေနဲ့ ပတ်သက် ပြီး၊ ၁၉၉ဝ ရွေးကောက်ပွဲက အင်္ဂပူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြဝင်း ၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးညွှန့်လှနဲ့ အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့ က မြန်မာနိုင်ငံ တရားမျှတရေးနဲ့ လူ့အခွင့်အရေး အဖွဲ့က ဦးမြတ်စိုးတို့အတူ ဆွေးနွေးတင်ပြထား ပါတယ်။
2014-12-20
တောင်သူလယ်သမားအရေးတော် ပုံ ခေါင်းဆောင် ဆရာစံက အင်္ဂလိပ်နယ်ချဲ့ ကို စတင်တော်လှန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ကို တောင်သူလယ်သမားနေ့ အဖြစ်သတ်မှတ်ပေး ဖို့ နိုင်ငံရေးအင်အားစုတွေနဲ့ တောင်သူလယ်သမားအဖွဲ့တွေက လက်မှတ်ရေးထိုးတောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-12-20
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အကြိုအဖြစ် နယ်လှည့်လှုံ့ဆော်နေတဲ့ မိတ္ထီ လာခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမဂ္ဂ ဗကသအဖွဲ့ဝင်တွေကို မနေ့ညက မန္တလေး တိုင်းဒေသကြီး သဲတောမြို့အဝင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တားဆီးခဲ့ပါတယ်။
2014-12-20
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မူးယစ်ဆေး ဝါးရောင်းဝယ်သုံးစွဲမှုတွေကို အစိုးရ အာဏာပိုင်တွေက ထိရောက်စွာကာ ကွယ်နှိမ်နှင်းဆောင် ရွက်ဖို့ ဒေသခံ သုံးရာကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။