၆ ပွင့်ဆိုင်တွေ့ဆုံရေး အမြန်ဆုံးပြု လုပ်ပေးဖို့ သင်္ဃန်းကျွန်းမှာ ဆန္ဒပြတောင်းဆို


2014.12.21
6-leaders-talk-305.jpg ၆ ပွင့်ဆိုင်တွေ့ဆုံရေး အမြန်ဆုံးပြုလုပ်ပေးဖို့ သင်္ဃန်းကျွန်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဆန္ဒပြတောင်းဆိုနေကြစဉ်။
Photo: Kyaw Zaw Win, Kyaw Htoon Naing/ RFA

နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ပါဝင်တဲ့ ၆ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပြုလုပ်ပေးဖို့ သင်္ဃန်း ကျွန်းမြို့နယ်က ဒေသခံ ၃ဝ နီးပါးက ဒီကနေ့ သင်္ဃန်း ကျွန်းမြို့နယ်၊ စံပြဈေးအနီးမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။

၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်ခဲ့မယ်ဆိုရင် ပြည် တွင်းငြိမ်းချမ်းရေးကို ဖြစ်ပေါ်လာနိုင်မယ်လို့ ယုံကြည် တာကြောင့် တောင်းဆိုတာဖြစ်တယ်လို့ သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်က ကိုဆံရှည်က ပြောပါတယ်။

" ၆ ပွင့်ဆိုင်တွေ့ဆုံပွဲဆိုတာက ကျနော်တို့ငြိမ်း ချမ်းရေးတွေ၊ နိုင်ငံရေးပြောင်းလဲမှု တစ်ခုဖြစ်ပေါ် လာနိုင်ရေးအတွက်ကို ကျနော်တို့ အဓိက တောင်း ဆိုခြင်း ပဲဗျ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြောင်းလဲနိုင်ဖွယ်ရာရှိတယ်လို့ ကျနော် တို့ယူဆတယ်လေ၊ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကြောင့်၊ အဲ့လိုလေးကြောင့်"

ဒီနေ့ ဆန္ဒပြရာမှာ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ပြည်သူ ငါးသန်းက လက်မှတ်ရေးထိုးတောင်းဆိုထားတာကိုလည်း အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက တာမွေဟစ်တိုင်မှာသာ ပြုလုပ်ဖို့ခွင့်ပြုပေးခဲ့ပေမဲ့ ဆန္ဒပြသူ တွေက စံပြဈေးအနီးမှာပြုလုပ်ခဲ့တဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့က လာရောက်တားမြစ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးကိုသာ လက်ခံလိုက်နာကြဖို့ ပါတီဝင်တွေကို ညွှန်ကြားစာထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။