သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-04-25
အမျိုးသမီး နဲ့ ကလေးအပါအဝင် လူ နှစ်သိန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၄၂,၀၀၀ ခန့်ဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်မရှိတဲ့အမိုးအကာတွေနဲ့ ဆေက်လုပ်ထားတဲ့ ယာယီခိုလှုံရာ နေရာ ၁၄၅ ခုမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
2025-04-25
ဧပြီလ ၂ ရက်နေ့မှာ ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီး မလေးရှားဝန်ကြီးချုပ် ဦးဆောင်တဲ့ အဆင့်မြင့်ဆွေးနွေးပွဲအပြီးမှာ ယာယီရပ်ဆိုင်းထားမှုကို ဧပြီလ ၃၀ ရက်အထိ သက်တမ်းတိုးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အပစ်ရပ်စဲကြောင်း ကြေညာပြီးမှ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလာခဲ့တယ်လို့ ဆိုပါတယ်။
2025-04-25
စစ်ကောင်စီကတစ်ဆင့် ဖြန့်ဝေတဲ့ နိုင်ငံတကာအကူအညီတွေကို ငလျင်လှုပ်ပြီး တစ်လနီးပါးကြာတဲ့အထိ ဘာတစ်ခုမှ မရရှိသေးတဲ့ ငလျင်ဘေးသင့်ပြည်သူတွေ အများအပြားလည်းရှိနေပါတယ်။
2025-04-25
စစ်ကောင်စီက ငလျင်ကြောင့် အပစ်အခတ်ရပ်စဲခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်အထိလုပ်ဆောင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ရဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ HDCO က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
2025-04-24
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ။
2025-04-24
ဒီတိုက်ခိုက်မှုအတွင်း နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
2025-04-24
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုဟာ ဧပြီလ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နေရာမှာ ဆက်ခံရ နိုင်တဲ့ ရဟန်းအမတ်တွေထဲက တစ်ဦးအဖြစ် ထင်ကြေးပေးခံနေရတာပါ။
2025-04-24
Rosatom ဟာ တင်းကျပ်တဲ့ ငလျင်ဒဏ်ခံနိုင်ရည် လိုအပ်ချက်တွေ အပါအဝင် အမြင့်မားဆုံး နိုင်ငံတကာ ဘေးကင်းလုံခြုံမှု နဲ့ လုံခြုံစိတ်ချရမှု စံနှုန်းတွေကို လိုက်နာပါတယ်လို့ ဆိုပါတယ်။
2025-04-24
သံဖြူပေါများတဲ့ ဝပြည်နယ်မှာ သတ္တုတူးဖော်ရေး ပြန်လည်စတင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
2025-04-24
ငလျင်ကြောင့် ရေပေးဝေရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပြီး အိမ်သာပေါင်း ၄၂,၀၀၀ ကျော် ပြိုကျခဲ့သလို မကြာခဏ ဓါတ်အားပြတ်တောက်မှုတွေကြောင့်လည်း ရေပေးဝေရေး အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
2025-04-23
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ။
2025-04-23
စစ်တပ်က ယာယီအပစ်အခတ်ရပ်စဲခဲ့တဲ့ သီတင်းသုံးပတ်အတွင်း ရန်ကုန်၊ ဧရာ၀တီနဲ့ နေပြည်တော်ကလွဲပြီး ကျန်ဒေသ ၁၂ ခုကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။
2025-04-23
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတကာက ငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ တိုက်တွန်းမှုတွေ အများအပြားရှိလာကြောင်း၊ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ ထိုးစစ်ရပ်ဖို့ မိမိတို့က ကြေညာခဲ့ပေမယ့် စစ်ကောင်စီက ပြည်သူကိုဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒီရက်ပိုင်း ပြင်းပြင်းထန်ထန်လုပ်လာနေတာ စိတ်ပျက်ဖွယ်ရာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
2025-04-23
အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့အညီ မြန်မာနိုင်ငံ အမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေး အဆင်ပြေချောမွေ့စေဖို့ အာဆီယံ နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ အမေရိကန်ပြည်ထောင်စုက အာမခံကြောင်းလဲ ပြောပါတယ်။
2025-04-23
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ အနာဂတ်ဟာ အာရက္ခ တပ်တော်(AA) ရဲ့ လက်ထဲကိုရောက်ရှိနေကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AWO) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ဝေတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။