မြန်မာမှာ သတ္တုတူးဖော်ခွင့် လိုင်စင်ထုတ်ပေးရေး ဆွေးနွေး

RFA Burmese
2025.04.24
မြန်မာမှာ သတ္တုတူးဖော်ခွင့် လိုင်စင်ထုတ်ပေးရေး ဆွေးနွေး ဝ ပြည်နယ် က မန်းမော် သတ္တုတွင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ ရက​်နေ့ကတွေ့ရစဉ်။
Reuters

ဝပြည်နယ်မှာ ဧပြီ ၂၃ ရက်နေ့က သတ္တုတူးဖော်ရေးလိုင်စင် ထုတ်ပေးရေး ကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ခု လုပ်ခဲ့ကြောင်း နိုင်ငံတကာသံဖြူသတ္တု ထုတ်လုပ်သူများအသင်း (ITA) က ထုတ်ပြန်ပါတယ်။
သံဖြူပေါများတဲ့ ဝပြည်နယ်မှာ သတ္တုတူးဖော်ရေး ပြန်လည်စတင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းလုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေ နဲ့ သတ္တုတူးဖော်ရေးဌာန တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး Manxiang ဒေသမှာ သတ္တုတူးဖော်ရေး၊ သတ္တုခဲ ရှာဖွေရေး နဲ့ စိစစ်ရေး လိုင်စင်လျှောက်ထားခြင်း လုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝ ပြည်နယ်ဟာ မြန်မာ့သံဖြူတင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်း ထုတ်လုပ်ပါတယ်။ မြနမာဟာ ကမ္ဘာ့တတိယအကြီးဆုံး သံဖြူထုတ်လုပ်တဲ့နိုင်ငံဖြစ်သလို တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး တင်သွင်းသူလည်းဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဒေသအများစု နဲ့ မတူဘဲ ဝ ပြည်နယ်ဟာ သူ့ရဲ့ ကိုယ်ပိုင် နိုင်ငံရေးစနစ်၊ စစ်ရေး နဲ့ စီးပွားရေးကို ထိန်းချုပ်ထားပြီး သီးခြားပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဝ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်အမျိုးသားတပ်မတော် UWSA ဟာ တွင်းထွက် သယံဇာတတွေတရားမဝင်တူးဖော်နေတာတွေကို တားမြစ်ဖို့ နဲ့ ကျန်သယံဇာတတွေကို ကာကွယ်ဖို့အတွက် ဝ ပြည်နယ်အတွင်း ၂၀၂၃ ဩဂုတ်လ ကစပြီး သတ္တုတူးဖော်မှုတွေ ရပ်ဆိုင်းဖို့ ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။