သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-30
အမျိုးသမီးသတင်းထောက်တွေကို အမျိုးသားတစ်ယောက်က လူမှုကွန်ယက် facebook messenger ကနေ လိင်ပိုင်းဆိုင်ရာ ထိပါးပြောဆိုတာတွေ၊ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံရိုက်ပို့တာတွေ ကျူးလွန်နေတဲ့အတွက် စစ်ဆေးအရေးယူပေးဖို့ မြန်မာအမျိုးသမီးသတင်းထောက်အဖွဲ့က မြန်မာသတင်းမီဒီယာကောင်စီ၊ အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ဖြေရှင်းရေးကော်မတီထံ တိုင်ကြားလိုက်ပါတယ်။
2018-12-30
မနေ့က ကျင်းပခဲ့တဲ့ သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲမှာ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်က ကန်တော့ခံပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ခဲ့ တာကြောင့် ကန့်ကွက်မှုတွေရှိနေသလို စာရေးဆရာများအသင်းကနေ နုတ်ထွက်တဲ့ စာရေး ဆရာတွေ အတော်များများ ရှိနေပါတယ်။
2018-12-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေခေါင်းချောင်းကျေးရွာက ဆေးမှူးတစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို နယ်မြေခံ တပ်မတော်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2018-12-30
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းတွေက ညွှန်ကြားတာတွေရှိနေကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2018-12-30
တပ်မတော်အစိုးရလက်ထက်က MEC သကြားစက်ရုံနဲ့ အရက်ချက်စက်ရုံတွေ တည်ဆောက်ဖို့ သိမ်းဆည်းထားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းက မြေဧက တစ်ထောင်ကျော်ကို ပြန်ပေးဖို့ ဒေသခံ တောင်သူ ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2018-12-30
ရတနာပုံတက္ကသိုလ်မှာ မနေ့က ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဗကသ ကျောင်းသား ၃ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူပြီး မန္တလေး အိုးဘိုထောင်ကို ပို့လိုက်ပါတယ်။
2018-12-30
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ ဖရဲနဲ့ သခွားမွှေးကားတွေ ပိတ်ဆို့မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
2018-12-30
၂ဝ၁၈ ဒီဇင်ဘာလ ၂၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ဇီးပင်ကြီးစစ်တမ်းနဲ့ မြန်မာအစိုးရဝန်ထမ်းလေ့ကျင့်ရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2018-12-30
၂ဝ၁၈ ဒီဇင်ဘာလ ၂၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ဇီးပင်ကြီးစစ်တမ်းနဲ့ မြန်မာအစိုးရဝန်ထမ်းလေ့ကျင့်ရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2018-12-29
ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်အတွင်း တပ်မတော်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLO တို့ ပူးပေါင်းပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမရှိကြောင်း PNLO က ဖြေရှင်းချက် မနေ့က ထုတ်ပြန်ပါတယ်။
2018-12-29
ရတနာပုံတက္ကသိုလ်မှာ မနေ့က ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဗကသ ကျောင်းသား ၃ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူပြီး မန္တလေး အိုးဘိုထောင်ကို ပို့လိုက်ပါတယ်။
2018-12-29
ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ သုံးမယ့် ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလာတဲ့ အတွက် အထူးအဖွဲ့ ဖွဲ့ပြီး ဧရာဝတီတိုင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌကို စစ်ဆေးနေတယ်လို့ NLD ပါတီဗဟိုက ပြောပါတယ်။
2018-12-29
ရတနာပုံတက္ကသိုလ်က ပါမောက္ခ ဆရာမက သတင်းသမားတွေကို ဟန့်တား နှောင့်ယှက်ခဲ့တာကို ပြန်လည်တောင်းပန်ဖို့ မန္တလေးအခြေစိုက် သတင်းမီဒီယာများက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-12-29
မူဆယ်- ကျင်ဆန်းကျော့ ကုန်သွယ်ရေးလမ်းကြောင်းကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မ ၁၁ က ပိတ်ဆို့ထားတာဟာ တရားဝင်ကုန်သွယ်ရေး လမ်းကြောင်း မဟုတ်တာကြောင့်ဖြစ်ကြောင်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောပါတယ်။
2018-12-28
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ “အမေဒေါ်စုပြန်လာပြီ” ဆိုတဲ့သီချင်းနဲ့ လွန်ခဲ့တဲ့ ၈ နှစ် လောက်က မြန်မာလူထုကြားမှာ ပြန်ပြီးထင်ရှားလာတဲ့ အဆိုတော် လားရှိုးသိန်းအောင်ဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့က နေအိမ်မှာ နှလုံးရောဂါနဲ့ မနေ့က ကွယ်လွန်သွားပါတယ်။