အဆိုတော် လားရှိုးသိန်းအောင် ကွယ်လွန်


2018.12.28
lashio-theinaung-622.jpg အဆိုတော် လားရှိုးသိန်းအောင် ကို တွေ့ရစဉ်
Photo: Vanakkam Myanmar/ FB

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ “အမေဒေါ်စုပြန်လာပြီ” ဆိုတဲ့သီချင်းနဲ့ လွန်ခဲ့တဲ့ ၈ နှစ် လောက်က မြန်မာလူထုကြားမှာ ပြန်ပြီးထင်ရှားလာတဲ့ အဆိုတော် လားရှိုးသိန်းအောင်ဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့က နေအိမ်မှာ နှလုံးရောဂါနဲ့ မနေ့က ကွယ်လွန်သွားပါတယ်။

သူဟာ မြန်မာပြည်ရဲ့ စတီရီယိုခေတ်ဦးကတည်းက ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို၊ အမေတစ်ခု သားတစ်ခု၊ နှုတ်မဆက်နဲ့ငိုချင်တယ်ဆိုတဲ့ သီချင်းတွေက အဲဒီခေတ်လူငယ်တွေကြားမှာ လွှမ်းမိုးခဲ့တဲ့သီချင်းတွေ ဖြစ်ပါတယ်။

၁၉၇ဝ လွန်ကာလမှာတော့ ဦးနေဝင်းဦးဆောင်တဲ့ တစ်ပါတီအာဏာရှင်စနစ်ကို မနှစ်သက်တဲ့အတွက် တောခိုသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံသူနဲ့ အိမ်ထောင်ကျခဲ့သလို သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်။

နအဖ စစ်အစိုးရလက်ထက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သီချင်းတွေ ရေးစပ်သီဆိုခဲ့ပါတယ်။ သူဟာ ပြည်ပရောက်လာပြီး အနှစ် ၄ဝ ကျော်အကြာ၊ နိုင်ငံရေး အပြောင်းအလဲကာလမှာ မြန်မာနိုင်ငံကို ပထမဆုံး ပြန်လည်ပတ်ခွင့်ရခဲ့သလို၊ တကိုယ်တော်ဖျော်ဖြေပွဲ တစ်ပွဲလည်း ကျင်းပခဲ့ပါတယ်။

လားရှိုးသိန်းအောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။