သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသတွင်းထိခိုက် မှုတွေကို ပညာရှင် ၁၂ဦးပါဝင်တဲ့ အဖွဲ့က စတင် လေ့လာလျက်ရှိနေပြီလို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။
2012-12-28
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသက်တမ်း နှစ်နှစ်ပြည့်တဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး လွတ်လပ်တဲ့ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မှာဖြစ်တဲ့အတွက် နေ့စဉ်သတင်းစာ ထုတ်ဝေလိုသူတွေအနေနဲ့ ဖေဖော်ဝါရီလဆန်း ကစပြီး လျှောက်ထားနိုင်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2012-12-28
မိဘမဲ့ကလေးတွေ ပညာရေး၊ ကျန်းမာရေးအတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးအစီအစဉ် CDP ရန်ပုံငွေပွဲအဖြစ် ပထမအကြိမ် ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်ပြိုင်ပွဲနဲ့ အနုပညာစွမ်းရည်ပြိုင်ပွဲကို ထားဝယ်မြို့နယ်ခန်းမမှာ ဒီကနေ့ စတင်ကျင်းပပြီး အဲဒီပွဲကို ဒီဇင်ဘာလ ၃ဝ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။
2012-12-28
လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာတစ်ထည် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်အဖွဲ့ရဲ့ ဒုတိယအကြိမ် ပညာရေးရန်ပုံငွေ ဂီတပွဲတော် ပထမနေ့ မှာ လေလံတင်ခဲ့ရာမှာ ရွှေ FM ရေဒီယို ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောဆိုင်း က ကျပ်ငွေ ၄၁၅ သိန်းနဲ့ ဝယ်ယူသွားပါတယ်။
2012-12-28
ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
2012-12-28
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီနေ့မှာပါ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
2012-12-27
KNU ကရင်အမျိုးသား အစည်းအရုံးက စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ကျင်းပပြီးစီးသွားတဲ့ ၁၅ကြိမ်မြောက် ညီလာခံအပြီးဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်
2012-12-27
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့အဝင် မိုးညှင်းဘူတာနားက တံတားအမှတ်(၅၈၇) မှာ မန္တလေးဘက်ကနေ ခုတ်မောင်းလာတဲ့ ရထား ဖြတ်သန်းနေချိန်အတွင်း ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ ည ၁၀ နာရီအချိန်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
2012-12-27
ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင် ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ပတ်သက်လို့ အစိုးရဘက်က လုံခြုံရေးပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အတွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်းမှာ အစိုးရစစ်တပ်တွေ နေရာယူလာမှာကို စိုးရိမ်နေတယ်လို့သိရပါတယ်။
2012-12-27
ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင် ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ပတ်သက်လို့ အစိုးရဘက်က လုံခြုံရေးပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အတွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်းမှာ အစိုးရစစ်တပ်တွေ နေရာယူလာမှာကို စိုးရိမ်နေတယ်လို့သိရပါတယ်။
2012-12-27
ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ် ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-12-27
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မှာ ကျေးရွာ ၃ ရွာခန့် ပါဝင်တဲ့ နတ်ချောင်း ကျေးရွာအုပ်စုက လယ်မြေဧက ၁၇၀ ကျော်အတွက် မနေ့က စတင်ပြီး စစ်တပ်က သီးစားခစပါးတွေ အဓမ္မလာရောက် ကောက်ခံနေတယ်လို့ သိရပါတယ်။
2012-12-27
ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် JICA က မြန်မာနိုင်ငံမှာ ဒုတိယမြောက် မိုးလေဝသ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်မယ့် ရေဒါစနစ် တည်ဆောက်မှာကို ကူညီသွားမယ်လို့ သိရပါတယ်။
2012-12-26
ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖြည့်ဆီးပေးနိုင် မယ့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့အစိုးရ ဖြစ်လာရေးအတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ် တတိယအဆင့်ကို အကောင်အထည်ဖေါ်တော့မှာဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန် က ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့ မှာ ပြောကြားလိုက်ပါတယ်။