ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာကို ကျပ် ၄၁၅သိန်းနဲ့ ရွှေ FM က ဝယ်ယူ
2012.12.28

ဒီဆွယ်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးခဲ့တာမို့ တန်ဖိုးဖြတ်လို့မရဘူးလို့ ဆွယ်တာဝယ်ယူသွားတဲ့ ဒေါ်နန်းမောက်လောဆိုင်း (Nan Mauk Lao Sai) က ပြောပါတယ်။ ရွှေ FM ရေဒီယိုဟာ Sky Net TV ကို ပိုင်ဆိုင်တဲ့ ရွှေသံလွင်ကုမ္ပဏီရဲ့ လက်အောက်ခံအသံလွှင့်ဌာန ဖြစ်ပါတယ်။
ဒီပညာရေးရန်ပုံငွေပွဲမှာ လေလံတင် ရောင်းချတဲ့ ပန်းချီကားတချပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဒီပန်းချီကားဟာ ရန်ပုံငွေဖွင့်ပွဲ ဂုဏ်ပြုသီချင်း ဆိုနေတဲ့ အချိန်မှာပဲ ပန်းချီဆရာက စင်မြင့်ပေါ်မှာ တထိုင်တည်း ရေးဆွဲခဲ့တဲ့ ပန်းချီကား ဖြစ်ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲ ပထမနေ့မှာ အလှူငွေ ကျပ်သိန်း ၁၅ဝဝကျော် ရရှိကြောင်း၊ ရန်ပုံငွေပွဲ ကျင်းပနိုင်ရေးအတွက် Sky Net ရုပ်သံက ကျပ် သိန်း ၁၃ဝဝ၊ AGB ဘဏ်က ကျပ်သိန်း ၅ဝဝ ကျော်လှူဒါန်းခဲ့တယ်လို့ NLD ပညာရေးကော်မတီတာဝန်ရှိသူ ဒေါက်တာသိန်းလွင်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။