သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-30
လိုင်စင်မဲ့ ကားစီးလို့ဆိုပြီး အမှုရင်ဆိုင်နေရတဲ့ DVB သတင်းထောက် ခွန်ဇော်ဦးကို လားရှိုးမြို့နယ် တရားရုံးက ဒီကနေ့အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-07-30
လွှတ်တော်တွင်းမှာ တပ်မတော်သားပါဝင်မှုကို လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သင့်တယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
2019-07-30
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုမှာ တရားလိုတင်သွင်းတဲ့ သက်သေခံပစ္စည်းကို တရားစွဲဆိုခံရသူတွေဘက်က ကန့်ကွက်လိုက် ပါတယ်။
2019-07-30
ရခိုင်ပြည်နယ်မှာ တပ်မတော်ကို ယုံကြည်မှုကျဆင်းအောင် ရခိုင့်တပ်တော် AA က ကောလာဟလ ထုတ်လွှင့်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့၊ ဒေသတည်ငြိမ်ရေးအတွက် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ တပ်မတော်က တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
2019-07-30
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေး ရှင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းနဲ့ မြန်မာနိုင်ငံအနှံ့ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ချဖို့ နိုင်ငံတော်သံဃမဟာနာယက (မဟန)အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
2019-07-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံ၊ ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာနားက အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်စိမ်းတွင်း တောင်ကမ်းပါးယံ မြေစာပုံ ပြိုကျခဲ့တဲ့ အတွက် သေဆုံးသူ စုစုပေါင်း ၂၀ ဦးအထိ ရှိနေပြီလို့ အဲဒီနေရာမှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဖားကန့်မြို့နယ် ရဲမှူး သန်းဝင်းက RFA ကို ပြောပါတယ်။
2019-07-30
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ Gold Luck Water Park လုပ်ငန်းရှင်က လုပ်အားခ မပေးလို့ဆိုပြီး အလုပ်သမား ၁၀ ဦးလောက်က လားရှိုးမြို့တော်ခန်းမရှေ့မှာ ဒီကနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-07-30
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ပုဒ်မ နှစ်ခုနဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးယောက်ရဲ့အမှုအတွက် တရားလိုဖြစ်တဲ့ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်း ကို ဒီကနေ့ ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးဖို့ ကနဦး စီစဉ်ထားပေမယ့် မစစ်ဆေးဖြစ်ခဲ့ပါဘူး။
2019-07-30
စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ပြည်နယ်အတွင်း ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးနဲ့ ဒီမိုကရေစီ အပြည့်အဝရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကြောင့် ကချင်ပါတီတွေ ပေါင်းစည်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဖြစ်လာတာလို့ ဆိုပါတယ်။
2019-07-29
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားတာကို တပ်မတော်သားကိုယ်စားလှယ်တွေက ပြန်ရုပ်သိမ်းလိုက်ပါတယ်။
2019-07-29
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဗဟို ဦးဆောင်ဆရာတော် နှစ်ပါးဖြစ်တဲ့ ဦးတိလောက ဘိဝံသနဲ့ ဦးသီလက္ခန္နာ ဘိဝံသတို့ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူ ဆုံးမသြဝါဒပေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အင်းစိန်ရွာမဆရာတော် မကြွတဲ့အတွက် အခမ်းအနား ပျက်သွားခဲ့ပါတယ်။
2019-07-29
မြန်မာနိုင်ငံအနှံ့အပြားမှာ ဆင်းရဲချို့တဲ့စွာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေအတွက် စာရေးကိရိယာတွေ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေတဲ့ "ပို ဝယ်ခဲ့ပါ" ဆိုတဲ့ လူငယ်ပရဟိတအဖွဲ့တစ်ခုအကြောင်း မစုစုမာ က တင်ပြထားပါတယ်။
2019-07-29
ရန်ကုန်မြို့မှာ ခေတ်အဆက်ဆက် အာဏာပိုင်တွေက ယာဉ်ရပ်နားစရာနေရာ သီးသန့်ဆောင်ရွက်ထားခဲ့တာ မရှိတာကြောင့် ယာဉ်ရပ်နားစရာနေရာအတွက် အငြင်းအခုန်ဖြစ်ပွားရာက လူမှုရေးပြဿနာတွေဖြစ်ပေါ်နေပြီး မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိနေပါတယ်။
2019-07-29
ဧရာဝတီတိုင်း ပုသိမ်မြို့စက်မှုဇုန်က Amava Apparel Ltd အမားဗားအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၅ဝဝ ကျော် ဒီနေ့ဆန္ဒပြကြပါတယ်။
2019-07-29
ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားနိုင်ရေးအတွက် အစိုးရနဲ့ KHCC တို့ ဒုက္ခသည်စခန်းတွေကို ကွင်းဆင်းလေ့လာဖို့ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောပါတယ်။