သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-30
ရိုဟင်ဂျာမွတ်စလင်တွေ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးအစီရင်ခံဖို့ ကော်မရှင်အဖွဲ့တဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
2017-05-30
မြန်မာ့နိုင်ငံရေးလေ့လာသူ စာရေးဆရာ စည်သူအောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ တွေ့ဆုံပွဲအပါအဝင် အခုကျင်းပပြီးစီးခဲ့တဲ့ ပင်လုံညီလာခံ ဒုတိယ အစည်းအဝေးဟာ ပထမအကြိမ်ထက် တိုးတက်မှုရှိပြီး နောက်ဆုံးနေ့မှာ အခက်အခဲတွေကြားက အတိုင်းအတာတခု အထိ အောင်မြင်မှုရခဲ့တာကိုလည်း တန်ဖိုးထားရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2017-05-30
သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေ အနေနဲ့ လွှတ်တော်မှာ ကတိပေးသွားပြီး အကောင်အထည်ဖော်ရမယ့်လုပ်ငန်းတွေ မှာ အကြောင်းပြချက်မခိုင်လုံဘဲ ဆောင်ရွက်ဆဲလို့ ဖော်ပြ ထားတာကြောင့် လွှတ်တော် ကတိကဝတ်ကော်မတီအနေ နဲ့ သေချာစိစစ်သင့်ကြောင်း တန့်ဆည်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က ပြောပါတယ်။
2017-05-30
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့ နယ်ထဲက ဒေသတလျှောက်မှာ လှုပ်ရှားနေ ကြတဲ့ လက်နက်ကိုင်တပ်တွေ ထောင်ထား တဲ့ မိုင်းတွေကြောင့် ဒေသခံရွာသားတွေ သွားလာရခက်ခဲနေ ကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-05-30
အခုလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေ သကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ဦးပိုင်ကုမ္ပဏီပိုင်လုပ်ကွက်မှာ ရေမဆေး ရှာသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင် ခံစာတင်သွင်းရမယ့်ကို ဇွန်လ ၁၀ ရက်နေ့အထိ ရွှေ့ဆိုင်း လိုက်ပါတယ်။
2017-05-30
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေကထွက်တဲ့ ကျောက်မျက်ရတနာကို မှတ်ပုံတင်ချိန်မှာ ရာဖြတ်တန်ဖိုးအပေါ် ၂၀ ရာခိုင်နှုန်းကောက်ခံတဲ့ ရတနာအခွန် ဒေသအခေါ် တွင်းဝခွန်ကို ပြည်နယ်အတွက်သာ အသုံးပြုဖို့ တိုက် တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
2017-05-30
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မိကျောင်းခေါင်းဆွဲ ကျေးရွာက ရာအိမ်မှူး တစ်ယောက်ဟာ မေလ ၂၈ ရက်နေ့က သတ်ဖြတ် ခံလိုက်ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန် ထားပါတယ်။
2017-05-30
ရခိုင်ကမ်းရိုးတန်းအနီးကနေဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ဦးတည်ဝင်ရောက် သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၂ မြို့ နယ်လောက်မှာ သစ်ပင်တွေကျိုးကျတာ၊ နေအိမ်၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေ အမိုးလန်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
2017-05-30
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့ အခမ်းအနား ကို ဒီကနေ့ ကျင်းပခဲ့ပြီး၊ အစုအဖွဲ့အလိုက် ဆွေးနွေး ချက် ၄၁ ချက်ထဲက ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2017-05-30
တနင်္သာရီတိုင်း ထားဝယ်မြို့အရှေ့ဘက် ဟိန္ဒားသတ္တုမိုင်းက စွန့်ပစ်လိုက်တဲ့ရေတွေ အနီးအနား ချောင်းတွေထဲ မဝင်အောင် ကာထားတဲ့ "နုန်းစစ်ရေကန်"တွေဟာ အခိုင်အခန့် တည်ဆောက်ထားတာမဟုတ်တဲ့အတွက် မိုးကြီးတဲ့အခါ ရေကန်ပေါက်ကျပြီး ကျေးရွာတွေကို ရေဆိုးတွေဖုန်းလွှမ်းသွားမှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2017-05-30
ရှမ်းပြည်နယ်မှာ တဖက်အိမ်နီးချင်း နိုင်ငံတွေကနေ တရားမဝင်တင်သွင်းလာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေ ကို ဒေသလိုင်စင်တွေ ပြုလုပ်ပေးနေပေမယ့်၊ ကုန်ကျမယ့်နှုန်းထား မြင့်မားနေတဲ့ အတွက် သတ်မှတ်နှုန်း ထားတွေ ပြင်ဆင်ပေးဖို့ လိုင်စင်လုပ်ချင်သူတွေက လိုလားနေကြပါတယ်။
2017-05-30
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ "နမ့်စန်တိန်းချောင်း" သဘာဝရိပ်သာမှာ မိသားစုအခက်အခဲ အမျိုးမျိုးကြောင့် ပညာ မသင်ကြားနိုင်တဲ့ မူလတန်းအဆင့် ကလေးငယ်တွေ ပညာ သင်ကြားနိုင်ဖို့အတွက် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းကို မေလ (၂၉) ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ စတင်ဖွင့်လှစ်လိုက် ပါတယ်။
2017-05-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေဟာ လက် ရှိဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာရဲ့ အဝန်းအဝိုင်းအတွင်း ကျရောက်နေတဲ့အတွက် ပင်လယ်ကမ်းရိုးတန်း အနီးနေထိုင်ကြ သူတွေ ပြောင်းရွှေ့ကြဖို့နဲ့ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေတွေ ဘေးလွတ်ရာကို ရှောင်ရှားကြ ဖို့ ဒေသအာဏာပိုင်တွေက လိုက်လံနှိုးဆော်နေ ပါတယ်။
2017-05-30
လက်ရှိဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက် ၁၂ နာရီအတွင်း ဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းအဝန်းဝိုင်းထဲ ရောက်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေ မှာ မြေပြိုမှု အန္တရာယ်ကို သတိထားရမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2017-05-30
ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေ အပန်းဖြေနိုင်တဲ့ ပန်းခြံတွေကို အရင်တိုင်း အစိုးရလက်ထက်က ငှားရမ်းခဲ့တဲ့ ကိစ္စတွေမှာဝန်ကြီး ချုပ်ဟောင်း ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း စည်ပင်သာ ယာရေးကော်မတီတို့အနေနဲ့ လာဘ်ပေး လာဘ်ယူလုပ်တာ လုံးဝမရှိခဲ့ဘူးလို့ ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော် မတီဝင်ဟောင်း ဆာကူရာ ဦးဌေးအောင် က ပြောပါတယ်။