မုန်တိုင်းရှိပေမယ့် ကမ်းရိုး တန်းနေထိုင်သူတွေ ပြောင်းရွှေ့မှုနည်း


2017.05.30

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာရဲ့ အဝန်းအဝိုင်းအတွင်း ကျရောက်နေတဲ့အတွက် ပင်လယ်ကမ်းရိုးတန်း အနီး နေထိုင်ကြသူတွေ ပြောင်းရွှေ့ကြဖို့နဲ့ ကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေတွေ ဘေးလွတ်ရာကို ရှောင်ရှားကြဖို့ ဒေသအာဏာပိုင်တွေက လိုက်လံနှိုးဆော်နေ ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်လာနိုင်တဲ့ အခြေအနေအပေါ် ပြင်ဆင်ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။