သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-29
နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်တာကို ဒီဧပြီလကစပြီး ခံစားခွင့်ရှိပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း လက်မှတ်ရေးထိုးပြီး ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2018-04-29
ပါတီတည်ထောင်ခွင့်ရရှိပြီဖြစ်တဲ့ "ရှစ်လေးလုံးပြည်သူ့ပါတီ"ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြဖို့ ပါတီ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီးနဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။
2018-04-29
ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ သတင်းဖြေကြားခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင် ကို ရဲတရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက် တယ်လို့ သတင်းတွေထွက်နေပေမယ့် တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့ သူ့ရဲ့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။
2018-04-29
ကချင်ပြည်နယ်မှာ ကေအိုင်အေ နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေအတွင်း ပိတ်မိနေသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ဆန္ဒပြတောင်းဆိုပြီး သပိတ်စခန်းဖွင့်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
2018-04-28
ဧပြီလ ၂၈ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ထိန်ပင်အမှိုက်ပုံမီးက ဘာတွေသင်ခန်းစာပေးသလဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေမယ့်သူတွေက ဒေါက်တာအောင်မြင့်မော် ( ဒုဌာနမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန )၊ ဦးညီညီ ( ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်) တို့ ဖြစ်ပါတယ်။
2018-04-28
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ကုလသမဂ္ဂ အရာရှိ တစ်ဦးက သောကြာနေ့က ပြောပါတယ်။
2018-04-28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကို ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေအားလုံးကို ဖိတ်ခေါ်ဖို့ဆန္ဒရှိ ကြပေမယ့် လုံခြုံရေးပြဿနာတွေကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေ ညီလာခံကို ကိုယ်တိုင်တက်ရောက်လို့ မရနိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါတယ်။
2018-04-28
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို ဒီနေ့အထိ ထွက်ပြေးလာကြသူ ၁၅ဝဝ ကျော် ရှိနေပြီဖြစ်ပါတယ်။
2018-04-28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကို လုံခြုံရေးပြဿနာတွေရှိနေတာကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေကို ကိုယ်တိုင်တက်ရောက်ခြင်း မပြုတာဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးအဖွဲ့က အကြောင်းကြားလိုက်ပါတယ်။
2018-04-28
မီးလောင်ကျွမ်းတာ တစ်ပတ်ကျော်ကြာနေပြီဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မနေ့က Bio Foam ဓာတုဆေးရည်နဲ့ မီးငြိမ်းသတ်ခဲ့ရာ မီးလောင်မှုကို ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-28
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နဲ့ မအူပင်ခရိုင်တွေမှာ ဒီလလယ်လောက်ကစပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် လူနေအိမ်ခြေ ၅ ထောင်ကျော်လောက် အမိုးလန်ပျက်စီးသွား ခဲ့တယ်လို့ တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။
2018-04-28
ဒီနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လစ်လပ်မဲဆန္ဒနယ်မြေတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေကို မဲပေးခွင့်ရှိသူစာရင်းပြုစုဖို့ ညွှန်ကြားထားပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ၆ လကြိုတင်ပြီး ကြေညာသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-28
KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် တဝိုက်မှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေ တိုးလာနေပါတယ်။
2018-04-28
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်း မီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2018-04-28
နယ်မြေအေးချမ်းပြီဖြစ်တဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာမှာရှိတဲ့ “ဟိုက်ပါရေတံခွန်”ကို အလည်အပတ် လာရောက်တဲ့ ခရီးသွားတွေ များလာနေပါတယ်။