မိုင်းရှူးမြို့နယ်က ဟိုက်ပါရေတံခွန်
2018.04.28
နယ်မြေအေးချမ်းပြီဖြစ်တဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာမှာရှိတဲ့ “ဟိုက်ပါရေတံခွန်”ကို အလည်အပတ် လာရောက်တဲ့ ခရီးသွားတွေ များလာနေပါတယ်။ လာရောက်လည်ပတ်ကြသူတွေက အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာမရှိတဲ့အတွက် ရေတံခွန်အလှအပကို ထိခိုက်စေသလို ရေတံခွန်ပေါ်မတက်ဖို့ ကန့်သတ်ချက်ကို လိုက်နာမှု အားနည်းတဲ့အတွက် ရေနစ်သေဆုံးတာတွေလည်း ရှိနေပါတယ်။
RFA သတင်းထောက် ကိုကံသာ တင်ပြထားပါတယ်။