သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥပဒေနဲ့ မညီတဲ့အချက်တွေ အများကြီး တွေ့ရပြီး ပြစ်မှုကျူးလွန်သူတွေဖက်ကနေ အကာအကွယ်ပေးတဲ့ အသုံးအနှုန်းတွေ ပြောဆို သွားတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
2017-02-28
ဝပြည် ပန်ခန်းမှာ ပြုလုပ်တဲ့ လက်နက်ကိုင်တိုင်းရင်းသား ညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်မထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-28
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ရဲ့ ထိပ်သီးညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင် တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-28
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှာ ကျောက်မီးသွေး စမ်းသပ်ခွင့်လိုင်စင်နဲ့ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်နေတဲ့ ကုမ္ပဏီကို တွေ့ရှိခဲ့ရတဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေကို လာရောက်ဖြေရှင်းဖို့ အကြောင်းကြားထားတယ်လို့ တိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။
2017-02-28
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ သူ့အပေါ် စွပ်စွဲပြော ကြားသူတွေကို တရားဥပဒေ လမ်းကြောင်းအရ အရေးယူသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောပါတယ်။
2017-02-28
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စ ရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတနှစ် တိုးမြှင့်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ သဘောထားတောင်းခံရာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် က ကန့်ကွက်ခဲ့ပါတယ်။
2017-02-28
ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရလက်ထက် ၁၉၆၂ ခုနှစ် က ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ပြန်လည် တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ၁၉၆၂ ခုနှစ်ကနေ အခုအချိန်အထိ ရှိနေတဲ့ ကျောင်းသားမျိုးဆက် အသီးသီးရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကောင်းထက်ကျော် က ကောက်နှုတ် တင်ပြထားပါတယ်။
2017-02-27
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ထူဒူငံသ ကျေးရွာအုပ်စုမှာ ကရင်နီအမျိုးသား ဒီမိုကရက်တစ် ပါတီက သိမ်းဆည်းထားတဲ့မြေတွေ ကို ပြန်ပေးဖို့နဲ့ မြေယာသိမ်းဆည်းမှုတွေကို ရပ်တန့်ပေးဖို့ ဒေသခံတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-02-27
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နဲ့အညီ မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ပေးဖို့ စစ်တွေနဲ့မောင်တောမြို့တွေ မှာ ဒေသခံတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-02-27
မွန်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကနေ မိမိသဘောဆန္ဒအရ နှုတ်ထွက်လိုက်တဲ့ ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တာဝန်ကို ၁ဝ လသာ ထမ်းဆောင်ခဲ့ပါတယ်။
2017-02-27
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ ဆက်လက်စွပ်စွဲပြောကြားသူတွေကို တရားဥပဒေလမ်းကြောင်းအရ အရေးယူသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က ပြောပါတယ်။
2017-02-27
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှား ယာဉ်မောင်း ဦးနေဝင်းတို့ ကွယ်လွန်တဲ့ တစ်လပြည့် အထိမ်းအမှတ်နဲ့ အကြမ်းဖက် မှု ဆန့်ကျင်ရေး အခမ်းအနားကို ရန်ကုန် လေဆိပ်မှာ ဒီနေ့ ညနေက ကျင်းပခဲ့ပါတယ်။
2017-02-27
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာမှာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆောက်အဦးတစ် ခုဆောက်လုပ်နေတာကို ဖျက်သိမ်းပေးဖို့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေက ဒီနေ့ ညနေမှာ ကန့်ကွက် ဆန္ဒပြကြပါ တယ်။
2017-02-27
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မှန်မှန်ကန်ကန် စိစစ်ပေးဖို့ စစ်တွေနဲ့ မောင်တောမြို့တွေ မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-02-27
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တရားမဝင် ကျောက်စိမ်းအရိုင်းတုံး အလေးချိန် ကီလိုဂရမ် ၃သောင်းကျော်(တန် ၃၀ ကျော်) ဖမ်းဆီးရမိမှုနဲ့ သယ်ဆောင် လာသူ ၂၀ ကျော်ကို အမှုဖွင့်ထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။