သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-31
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က သိမ်းဆည်းမြေဧက ၄၈၀၀ နီးပါးကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တောင်သူတွေထံကို ဒီကနေ့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။
2018-10-31
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မွတ်စလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို လက်စဖျောက်တဲ့အနေနဲ့ မြန်မာအစိုးရက ဖျက်ဆီးနေတယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်း သတင်းစာမှာ မနေ့က ဘူဒိုဇာတွေနဲ့ ဘက်ဟိုး မြေထိုးယာဉ်ကြီးတွေ ရပ်နားထားတဲ့ ဓါတ်ပုံတွေနဲ့ ဖော်ပြတဲ့ဆောင်းပါးကို Press TV အီရန်သတင်းဌာန က ထပ်ဆင့်ဖေါ်ပြပါတယ်။
2018-10-31
မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကို လက်တွေ့ကျကျ လျှော့ချနိုင်ရေး၊ KIA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA၊ AA နဲ့ MNDAA အဖွဲ့တို့ သဘောတူညီချက် ရခဲ့ပါတယ်။
2018-10-31
စစ်ဘေးဒဏ်ကြောင့် ဆယ်စုနှစ်များစွာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ ပြန်ဖို့ခက်နေသလို ဆက်လက်နေထိုင်ဖို့လည်း အကူအညီအထောက်အပံ့ လျှော့ချခံနေရတဲ့အတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။
2018-10-31
ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်ထုတ်ထားတဲ့ အလုပ်သမား အယောက် ၃ဝ ကို အလုပ်ပြန်ခန့်ဖို့ စက်ရုံပိုင်ရှင်က လက်ခံလိုက်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2018-10-31
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မွတ်စလင်တွေအပေါ် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို လက်စဖျောက်တဲ့အနေနဲ့ မြန်မာအစိုးရက ဖျက်ဆီးနေ တယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာက ဖော်ပြလိုက်ပါတယ်။
2018-10-30
EU ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကို ပြန်လည်ရုပ်သိမ်းဖို့အတွက် EU လေ့လာရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒီရက်ပိုင်းအတွင်း တေ့ွဆုံဆွေးနွေးနေပါတယ်။
2018-10-30
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ဖျက်ဆီးတာ၊ ပျက်စီးစေတာ၊ ကိုယ်ကျိုးအတွက် အသုံးပြုတာ မရှိ ကြောင်းနဲ့ ပြစ်မှုထင်ရှားမှု မပေါ်ပေါက်တဲ့အတွက် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုမှုကို ဗိုလ်တထောင်မြို့နယ် တရားရုံးက အပြီးသတ် လွှတ်ပေးလိုက်ပါတယ်။
2018-10-30
ရိုဟင်ဂျာဒုက္ခသည်တွေကို ပထမဆုံးအကြိမ်အဖြစ် ပြန်ပို့မယ့်အစီအစဉ် လာမယ့် နိုဝင်ဘာလလယ်မှာ စတင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံ သဘောတူညီလိုက်ပါတယ်။
2018-10-30
အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ငါးဖွဲ့ကို ရန်ကုန်မြို့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲ တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားထားပေမယ့် အဲဒီအဖွဲ့အားလုံးတက်ရောက်ဖို့ မသေချာဘူးလို့ ပြောကြပါတယ်။
2018-10-30
စစ်ဘေးဒဏ်ကြောင့် ဆယ်စုနှစ်များစွာတိုင် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို ပြန်ဖို့ခက်နေသလို ဆက်ပြီးနေထိုင်ဖို့လည်း အကူအညီအထောက်အပံ့ လျှော့ချခံနေရတဲ့အတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။
2018-10-30
ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၇ ခုရှိပြီး စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
2018-10-30
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးအထူးအခွင့်အရေး GSP မရုပ်သိမ်းဖို့ ကုန်သည်လုပ်ငန်းရှင်တွေက အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ထံ တောင်းဆို လိုက်ပါတယ်။
2018-10-30
တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားအရေးမှာ အလုပ်ထုတ်ခံထားရသူတွေ အားလုံးကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်ဘက်က ဒီနေ့ သဘောတူလိုက်ပါတယ်။
2018-10-30
မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေကို လူသတ်တရားခံဆိုတဲ့ ဗီနိုင်းစကိုင်ဆောင်ပြီး ကုလသမဂ္ဂနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အမြန်ဆုံး လာရောက်ဖမ်းဆီးပေးဖို့ MDCF အဖွဲ့ဝင် ၁၀ ဦးက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။