GSP မရုပ်သိမ်းဖို့ ကုန်သည်လုပ်ငန်းရှင်တွေ တောင်းဆို


2018.10.30
khinekhinengwe-622.JPG UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်(အလယ်လူ) ကို တွေ့ရစဉ်
Photo: Kyaw Htoon Naing/RFA

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးအထူးအခွင့်အရေး GSP မရုပ်သိမ်းဖို့ ကုန်သည် လုပ်ငန်းရှင်တွေက အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ထံ တောင်းဆိုလိုက်ပါတယ်။

မနေ့က တွေ့ဆုံစဉ်မှာ အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့က လက်ရှိမြန်မာနိုင်ငံက အလုပ်သမားတွေ ဥပဒေနဲ့ အညီ အခွင့်အရေးအပြည့်အ၀ ရရှိခြင်း ရှိ မရှိနဲ့ GSP ရုပ်သိမ်းလိုက်တဲ့အခါ ထိခိုက်နိုင် တဲ့ အခြေအနေတွေကို မေးမြန်းရာမှာ တောင်းဆိုလိုက်တာလို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ UMFCCI မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

UMFCCI ဒုတိယဥက္ကဌ ဦးရဲမင်းအောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံအထည်ချုပ် အသင်း ဥက္ကဌ ဦးမြင့်စိုး၊ မြဝတီနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် က ရှင်းလင်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအခွင့်အရေး ပြန်လည်ရုပ်သိမ်းဖို့ကိစ္စနဲ့ပတ်သက်လို့ လာရောက်လေ့လာတဲ့ အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်းတွေကလည်း GSP မရုပ်သိမ်းဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။